ပရိသတ်အချစ်တော် မင်းသား လီမင်ဟိုရဲ့ ဘဝဇာတ်ကြောင်း

ပရိသတ်အချစ်တော် မင်းသား လီမင်ဟိုရဲ့ ဘဝဇာတ်ကြောင်း

ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီမင်ဟိုရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လီမင်ဟိုကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၂ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ မင်ဟိုရဲ့ အဖေက စီးပွားရေး သမားတစ်ဦးဖြစ်ပြီး မင်ဟိုရဲ့ အမေကတော့ အိမ်ထောင်ရှင်မ တစ်ဦး ဖြစ်ပါတယ်။ သူ့မှာ အစ်မ တစ်ယောက်ရှိပြီး သူမကတော့ လီမင်ဟိုရဲ့ အေဂျင်စီဖြစ်တဲ့ MYM Entertainment ရဲ့ CEO ပဲ ဖြစ်ပါတယ်။

လီမင်ဟိုရဲ့ ငယ်ဘဝ အိပ်မက်ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ မဟုတ်ခဲ့ဘဲ ဘောလုံးသမား တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ သူက ငယ်စဉ် ကျောင်းသားဘဝမှာကတည်းမှာ ကျောင်းမှာ လူသိများသူတစ်ဦး ဖြစ်ခဲ့ပြီး ရုပ်ရည်ချောမောမှု အပြင် သူ့ရဲ့ ကြင်နာသနားတတ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

လီမင်ဟိုရဲ့ အချစ်ရေးအကြောင်း ပြောရရင်တော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ Miss A အဖွဲ့က အဆိုတော် သရုပ်ဆောင် Suzy နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ဆူဇီ မတိုင်ခင်ကဆိုရင်တော့ လီမင်ဟို အနေနဲ့ City Hunter ဇာတ်ကားမှာ သူနဲ့ အတူ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီး Park Min Young နဲ့ ချစ်ကြိုက်ခဲ့ဖူးပါသေးတယ်။

လက်ရှိမှာတော့ လီမင်ဟိုတစ်ယောက်ဟာ သူ့ရဲ့ ရည်းစားမရှိ လူပျိုကြီးဘဝကို တစ်ယောက်ထဲ အေးချမ်းစွာ ဖြတ်သန်းနေပြီး ဘဝလက်တွဲဖော် ရှာမတွေ့သေးဘူးလို့လည်း သိရပါတယ်။

သူပထမဆုံး ခေါင်းဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ကိုရီးယားစီးရီးကတော့ ၂၀၀၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Secret Campus ဆိုတဲ့ လူငယ် ကျောင်းသားစီးရီး မှာပဲ ဖြစ်ပါတယ်။ လီမင်ဟိုကို ဘယ်ဇာတ်ကားနဲ့ လူသိများလာခဲ့သလဲ ဆိုတာကတော့ အထူးအထွေ ပြောနေစရာလိုမယ်မထင်ပါဘူး။ ဂူဂျွန်ပျို ဆိုတဲ့ ဇာတ်ကောင် အဖြစ် သူသရုပ်ဆောင်ခဲ့တဲ့ Boys Over Flowers (2009) (F4 ချစ်သူ) ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ သူ့ကို လီမင်ဟို ဆိုပြီး အအောင်မြင်ဆုံး ဖြစ်သွားစေခဲ့တာပါ။

သူဆက်လက် ပါဝင်ရိုက်ကူးခဲ့တဲ့ City Hunter (2011) ၊ The Heirs (2013), The Legend of the Blue Sea (2016), The King: Eternal Monarch (2020) တို့နဲ့ အတူ သူနောက်ဆုံး ရိုက်ကူးခဲ့တဲ့ Pachinko (2022) အထိ သူ့ရဲ့ အောင်မြင်မှုတွေကို အကောင်းဆုံး ထိန်းသိမ်း ထားနိုင်ဆဲ ထိပ်တန်း မင်းသားတစ်လက်လို့ဆိုရမှာပါပဲ။

စီးရီးတွေအပြင် Gangnam Blues (2015) နဲ့ Bounty Hunters (2016) လို အောင်မြင်တဲ့ ရုပ်ရှင်တွေမှာလည်း သူအဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်ရေးတွေကနေ သူ့ကို ကမ်းလှမ်းတာတွေရှိခဲ့ပေမယ့် သူ့အနေနဲ့ လိုအပ်ချက်တွေရှိ နေသေးတယ်လို့ ထင်တာကြောင့် လက်မခံသေးဘူးလို့ သိရပါတယ်။

ဒါ့ပြင် လီမင်ဟိုဟာ သီချင်းတွေလည်း သီဆိုသူဖြစ်ပြီး သူပါဝင် သရုပ်ဆောင်တဲ့ ဇာတ်လမ်းက ဇာတ်ဝင် သီချင်းတွေကို ကိုယ်တိုင် သီဆိုလေ့ရှိသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုယ်တွေရဲ့ မင်းသားချောလေးကို ၂၀၂၃ ခုနှစ်မှာ “Ask The Stars” ဆိုတဲ့ သိပ္ပံ အချစ်ဇာတ်လမ်းတွဲမှာ မင်းသမီး Gong Hyo Jin နဲ့ တွဲဖက်ပြီး မြင်တွေ့သွားရပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x