ဒရမ်မာနှစ်ခုစီ တစ်ပြိုင်နက် သရုပ်ဆောင်နေကြတဲ့ Mark Prin နဲ့ Kimmy Kimberley
မင်းသား Mark Prin နဲ့ Kimmy Kimberley တို့ ချစ်သူစုံတွဲလေးကတော့ ၈ နှစ်ကြာ ချစ်ခရီးလမ်းရဲ့ ပန်းတိုင် ရောက်ရှိတော့မှာပါ။ သူတို့နှစ်ယောက်ဟာ လာမယ့်နှစ် ၂၀၂၃ မှာ လက်ထပ်ဖို့ စီစဉ်ထားကြပါတယ်။
အလုပ်ကြိုးစားကြတဲ့ Mark နဲ့ Kimmy တို့ ချစ်သူနှစ်ဦးဟာ ဒီနှစ်ထဲမှာတော့ ဒရာမာဇာတ်ကားရိုက်ကူးရေးတွေလက်ခံထားပြီး လက်ရှိ နှစ်ယောက်လုံးဟာ ဒရာမာနှစ်ကားစီမှာ တစ်ပြိုင်နက်တည်း သရုပ်ဆောင်နေကြတာပါ။
Mark Prin
ခန့်ညားတဲ့ မင်းသားချော Mark Prin ကတော့ ဒရာမာကားသစ် “Tai Ngao Tawan” ကို မင်းသမီး Bow Maylada နဲ့အတူ စတင်ရိုက်ကူးနေတာ လအနည်းငယ်ရှိပါပြီ။
ပြီးခဲ့တဲ့တစ်ပတ်ကပဲ နောက်ထပ် ပရောဂျက်အသစ် “Love at First Night” ကို စတင်ရိုက်ကူးနေပြီလည်း ဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသမီး Yaya Urassaya နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Kimmy Kimberley
ဒရာမာပရိုဂျူဆာ Chu Chudapha ရဲ့အပြောအရ မင်းသား Mario Maurer နဲ့ Kimmy Kimberley တို့ရဲ့ ဒရာမာကားသစ် “Loyal Doctor” ရဲ့ ရိုက်ကူးရေးဟာ ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ Kimmy ဟာ “Sueb Lub Mor Rabat” ဆိုတဲ့ ဒရာမာကားသစ်မှာ ပါဝင်သရုပ်ဆောင်နေပြီး ဒီကားထဲမှာတော့ မင်းသား Nadech Kugimiya နဲ့ တွဲဖက်သရုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။
Soya
Ref: Thai Update