TV 3 ထိပ်တန်းမင်းသမီးတွေရဲ့ ၂၀၂၂ ခုနှစ်အတွက် အနုပညာ လှုပ်ရှားမှုများ

TV 3 ထိပ်တန်းမင်းသမီးတွေရဲ့ ၂၀၂၂ ခုနှစ်အတွက် အနုပညာ လှုပ်ရှားမှုများ

1. Anne Thongprasom

Anne Thongprasom ဟာ အနုပညာသက်တမ်း နှစ် (20) ကျော်နေပြီဖြစ်တဲ့ ထိုင်းဖျော်ဖြေရေးလောကရဲ့ ဘုရင်မ တစ်ပါးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်မှာ မင်းသားကြီး Ken Theeradeth နှင့် အတူ “Sup Tar 2550” ဇာတ်လမ်းတွဲ ရိုက်ကူး လျက်ရှိပါတယ်။

2. Chompoo Araya

၂၀၁၉ ခုနှစ်ကနေ စပြီး မိသားစုဘဝကို အပြည့်အဝ အာရုံစိုက်ချင်တယ်လို့ ဆိုကာ အနုပညာ အလုပ်တွေ ရပ်နားခဲ့ရသူ မင်းသမီး Chompoo Araya ကတော့ “Sup Tar 2550” ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင် အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

3. Janie Thienphosuwan

“Raeng Ngao”, “Plerng Boon”အ စရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများခဲ့တဲ့ မင်းသမီး Janie Thienphosuwan ကိုတော့ ၂၀၂၂ ခုနှစ်မှာ မင်းသားချောလေး Gulf Kanawut နဲ့ “You Are My Makeup Artist” အချစ် ဇာတ်လမ်းတွဲလေး ထွက်ရှိလာမှာပါ။

4. Yaya Urassaya

ပြည်တွင်း၊ ပြည်ပ brand ပစ္စည်းပေါင်း ၂၀၀ ကျော်နဲ့ လက်တွဲထားခဲ့ရတဲ့ Yaya Urassaya ဟာ ဖျော်ဖြေရေးလောကရဲ့ ကြော်ငြာဘုရင်မ တစ်ယောက်ပါ။ သူမဟာလည်း နာမည်ကျော် မင်းသား Mario Maurer နှင့်အတူ “Bad Romeo” ဇာတ်လမ်းတွဲကို ရိုက်ကူး ပြီးစီးခဲ့ပြီဖြစ်သလို လတ်တလောမှာလည်း ချစ်သူ Nadech Kugimiya နဲ့ အတူ “Lai Kinnaree” ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။

5. Bella Ranee

Bella Ranee ကိုတော့ “Plerng Boon”, “Krong Karm”, ‘Love Destiny” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများခဲ့ပြီး ဒီလထဲမှာလည်း “Love Destiny 2” ကို ရုံတင်ပြသွားတော့မှာပါ။

6. Kimmy Kimberley

“Song Sanaeha” ဇာတ်လမ်းတွဲနဲ့ မနှစ်က အကောင်းဆုံး အမျိုးသမီး ဇတ်ဆောင်ဆုကို ရရှိခဲ့သွားခဲ့သူ Kimmy Kimberley ကတော့ လတ်တလောမှာ Mario Maurer နဲ့အတူ “Mor Luang” ဇာတ်လမ်းတွဲ ရိုက်ကူးလျက်ရှိနေပြီးနောက်ထပ် ထိပ်တန်းမင်းသား Nadech Kugimiya နဲ့လည်း ဇာတ်လမ်းတွဲ အသစ် ရိုက်ကူးသွားရဦးမှာပါ။

7. Taew Natapohn

သရုပ်ဆောင် ပိုင်းသာမကဘဲ အဆို၊အကပိုင်းတွေမှာပါ ထူးချွန်သူ မင်းသမီးချောလေး Taew Natapohn ကတော့ ၂၀၂၂ မှာ အဆိုတော်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပြီး မကြာမီမှာလည်း DJ Push, Nine Naphat တို့နဲ့ တွဲဖက်ထားတဲ့ ဇာတ်လမ်းတွဲသစ်ကို စတင် ရိုက်ကူးသွားရတော့မှာပါ။

8. Toey Jarinporn

TV3 ရဲ့ မင်းသမီးငယ် တစ်လက်ဖြစ်သူလေး Toey Jarinporn ကတော့ ဒီနှစ်ထဲမှာ မင်းသားချော James Jirayu နဲ့ “Matalada” ဇာတ်လမ်းတွဲ ထွက်ရှိလာမှာဖြစ်သလို မင်းသား Ter Chantavit နဲ့လည်း ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိနေခဲ့ပါပြီ။

9. Bow Maylada

၂၀၁၉ ခုနှစ်ကုန်မှ TV3 နဲ့ စတင် လက်တွဲခဲ့သူ မင်းသမီးချောလေး Bow Maylada ကတော့ လတ်တလောမှာ ထိပ်တန်း မင်းသား Mark Prin နဲ့အတူ “Tai Ngao Tawan” အချစ် ဇာတ်လမ်းတွဲလေးကို ရိုက်ကူးလျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *