ဇာတ်လမ်းတွဲအသစ်မှာ ပြန်လည်ဆုံစည်းကြမယ့် Kang Haneul နဲ့ Seohyun

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာထွက်ရှိခဲ့တဲ့သတင်းတွေအရ Girls’ Generation ရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးလည်းဖြစ်တဲ့ Seohyun ဟာဆိုရင် KBS ရုပ်သံလိုင်းကနေထုတ်လွှင့်သွားမယ့် “Curtain Call” ဇာတ်လမ်းတွဲအသစ်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီဇာတ်လမ်းတွဲဟာ ၂၀၁၆ ခုနှစ်တုန်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ “Moon Lovers: Scarlet Heart Ryeo” ဇာတ်လမ်းတွဲထဲမှ သရုပ်ဆောင်နှစ်ဦးကို ပြန်လည်ဆုံစည်းစေတဲ့ဇာတ်ကားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အကြောင်းအရင်းကတော့ Moon Lovers ထဲမှာပါဝင်ခဲ့ဖူးတဲ့ မင်းသား Kang Haneul က ဒီ “Curtain Call” ဇာတ်လမ်းတွဲအသစ်မှာ အဓိကဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်နေတဲ့အတွက်ကြောင့်ပါပဲ။

“Curtain Call” ဇာတ်လမ်းတွဲကတော့ မြောက်ကိုရီးယားဘက်မှ ထွက်ပြေးလာသူတစ်ဦးရဲ့ မြေးအဖြစ်ဟန်ဆောင်ထားသူတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးမှာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Kwon Sang Woo, Kang Haneul နဲ့ Ha Ji Won တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ ပါဝင်ထားကာ ဇာတ်ကားကို အခု ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.