လေးနှစ်အတွင်း ပထမဆုံးအကြိမ်ဇာတ်ကားပြန်လည်ရိုက်ကူးဖို့ စဉ်းစားနေလျက်ရှိတဲ့ Jang Keun Suk

“You’re Beautiful” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးကြိုက်နှစ်သက်မှုကို အခိုင်အမာရရှိခဲ့တဲ့ မင်းသား Jang Keun Suk ဟာဆိုရင် လက်ရှိအချိန်မှာ “Crime Chronicle” လို့ ယာယီအမည်ပေးထားတဲ့ ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

တကယ်လို့များ သူ့အနေနဲ့ ဒီကမ်းလှမ်းမှုကိုလက်သင့်ခံလိုက်မယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်တုန်းကပြသခဲ့တဲ့ “Switch: Change the World” ဇာတ်ကားအပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဇာတ်ကားပြန်လည်ရိုက်ကူးခြင်းဖြစ်တယ်လို့ ဆိုရမှာပါ။

“Crime Chronicle” ဇာတ်လမ်းတွဲကိုတော့ ‘Liar Game’, ‘Pied Piper’, ‘Voice’, ‘Black’, ‘The Guest’, ‘LUCA’, နဲ့ ‘Money Heist Korea’ တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Hong Seon က ပုံဖော်ဖန်တီးသွားမှာဖြစ်ပါတယ်။

 

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *