ဂျပန်ရုပ်သံလိုင်းတစ်ခုမှာ LE SSERAFIM နဲ့အတူထွက်ပေါ်လာခဲ့တဲ့ Kim Garam

ပွဲထွက်ထားတာလပိုင်းမျှသာရှိသေးတဲ့ LE SSERAFIM ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kim Garam ဟာဆိုရင် လက်ရှိအချိန်မှာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေ အကုန်လုံးကို ရပ်နားထားရတာဖြစ်ပေမယ့်လည်း လတ်တလောရက်ပိုင်းအတွင်းမှာထုတ်လွှင့်ခဲ့တဲ့ ဂျပန်ရုပ်သံလိုင်း CDTV ရဲ့ အစီအစဉ်တစ်ခုမှာတော့ သူဟာ LE SSERAFIM အဖွဲ့ဝင်တွေနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။

CDTV ဘက်ကတော့ အဆိုပါအစီအစဉ်ဟာ Kim Garam ရဲ့ပြဿနာတွေမဖြစ်ပေါ်ခင်အချိန် မေလကတည်းက အပြီးသတ်ရိုက်ကူးထားခဲ့တာဖြစ်တဲ့အတွက် Kim Garam အနေနဲ့ အခုလိုမျိုး ပါဝင်လာခဲ့တာဖြစ်တယ်လို့ ဖြေရှင်းပေးထားပါတယ်။

Kim Garam ဟာ ကျောင်းမှာတုန်းက အုပ်စုဖွဲ့ပြီးအနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့် အွန်လိုင်းအသုံးပြုသူတွေရဲ့ အပြစ်တင်ဝေဖန်မှုကို ပြင်းထန်စွာရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ LE SSERAFIM ရဲ့လှုပ်ရှားမှုတွေကနေ ရပ်နားထားရတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့လုပ်ရပ်တွေနဲ့သတင်းတွေဟာ အဖွဲ့ရဲ့နာမည်ဂုဏ်သတင်းကို ကျဆင်းစေတာကြောင့် သူမကိုအဖွဲ့မှထုတ်ပယ်လိုက်ဖို့အတွက် အွန်လိုင်းအသုံးပြုသူတွေက HYBE ကို တောင်းဆိုထားကြတာကိုလည်း တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.