ပရိသတ်တွေကို ဖမ်းစားသွားခဲ့တဲ့ Jungkook နဲ့ Charlie Puth တို့ရဲ့ “Left and Right” MV

ပရိသတ်တွေကို ဖမ်းစားသွားခဲ့တဲ့ Jungkook နဲ့ Charlie Puth တို့ရဲ့ “Left and Right” MV

BTS အဖွဲ့ဝင် Jungkook နဲ့ အမေရိကန် နာမည်ကျော် Charlie Puth တို့ရဲ့ collaboration လေးဖြစ်တဲ့ “Left and Right” MV ကတော့ ယနေ့မှာပဲ ထွက်ရှိလို့လာခဲ့ပါပြီ။

ဇွန်လ ၁၆ ရက်နေ့မှာ Charlie Puth က သူဟာ BTS အဖွဲ့ဝင် Jungkook နဲ့ ပေါင်းစပ်ပြီး “Left and Right” ဆိုတဲ့ သီချင်းသစ်လေးကို ဖန်တီးနေကြောင်း ကြေငြာလို့လာခဲ့အပြီးမှာ အားလုံးက ဒီသီချင်းလေးကို မျှော်လင့်လို့နေခဲ့ကြရတာပါ။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ ဒီသီချင်းလေးထွက်ရှိလာခဲ့ချိန်မှာလည်း မျှော်လင့်စောင့်စားရကျိုးနပ်ခဲ့တဲ့ သီချင်းလေး ဖြစ်လို့လာခဲ့ပြီး MV ရိုက်ကူးမှုတွေ၊ ကောင်လေးနှစ်ယောက်ရဲ့ chemistry နဲ့ charm တွေဟာ ပရိသတ်တွေကို ကြည့်မဝအောင် ဖမ်းစားလို့သွားနိုင်ခဲ့ပါတော့တယ်။

“Left and Right” ကတော့ စာသားချိုချိုလေးတွေ၊ ချစ်စရာကောင်းတဲ့ melody လေးတွေနဲ့ သင့်ရဲ့ခေါင်းထဲမှာ စွဲထင်ကျန်ရစ်နေစေမယ့် သီချင်းလေးတစ်ပုဒ်ဖြစ်သလို Charlie Puth ရဲ့ အဆိုစွမ်းရည်၊ ARMY လေးတို့ maknae လေးရဲ့ harmony နည်းစနစ်တို့နဲ့အတူ လှပတဲ့ သီချင်းလေးတစ်ပုဒ်အဖြစ် colorful ဖြစ်တဲ့ MV လေးတစ်ပုဒ်နဲ့အတူ ခံစားနားဆင်သွားနိုင်ပါပြီနော်။

Source: Allkpop
Written: Hachi
Photos: YouTube

Leave a Reply

Your email address will not be published.