Nayeon ရဲ့ Debut MV “Pop” ထဲက အမိုက်ဆုံး ဝတ်စုံလေးများ

Nayeon ရဲ့ Debut MV “Pop” ထဲက အမိုက်ဆုံး ဝတ်စုံလေးများ

TWICE အဖွဲ့ဝင် Nayeon ကတော့ သူမရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် သီချင်း MV လေး “POP” ကို release လို့လာခဲ့ပြီး ပျော်စရာကောင်းပြီး နားဆင်လိုက်ရုံနဲ့ လန်းဆန်းတက်ကြွသွားတဲ့ ခံစားမှုတွေကို ပေးစွမ်းသွားနိုင်ခဲ့ပါတယ်။

Fashion နဲ့ visual ဘုရင်မတစ်ယောက်အဖြစ် TWICE အဖွဲ့ဝင်လေး Nayeon ကို အဝတ်အစား စုစုပေါင်း ၁၀ ခုကျော်လောက်နဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲ့ဒီအထဲကမှ ပရိသတ်တွေအကြိုက် အမိုက်ဆုံး ဝတ်စုံလေးတွေကို ရွေးချယ်တင်ဆက်လိုက်ရပါတယ်။

1. ရိုးရှင်းပြီး ညို့ဓာတ်ပြင်းလှသူ

Nayeon ရဲ့ ဆံပင်က rhinestones များဟာ သူမရဲ့ အသားကပ်ဘောင်းညီနဲ့ ခြေအိတ်က အစက်အပွင့်လေးတွေနဲ့နှင့် ကိုက်ညီမှုရှိလှပြီး အနက်ရောင်ဝတ်စုံလေးကလည်း သူမရဲ့ ညို့အားပြင်းတဲ့ ပုံစံကို ပြသထားပါတယ်။

2. အနက်ရောင်နဲ့ ပန်းရောင် ပေါင်းစပ်မှု

ဒီပေါင်းစပ်မှုဟာလည်း Nayeon ကို အထာကျလွန်းစွာ slay နေစေခဲ့တာပါ။ ဒူးမြင့်ဖိနပ်ရှိ အဆင်အယင်လေးတွေဟာလည်း ပေါင်နားက bodychains တွေနဲ့ လိုက်ဖက်လှပါတယ်။

3. Tinkerbell

အဝါရောင် tulle နဲ့ အဖြူရောင် corset တို့ဟာ ဒီ scene မှာ Nayeon ကို နတ်သမီးလေး တစ်ယောက်လို လှပနေစေလွန်းခဲ့တာပါ။ ရွှေရောင်ဆံပင်နဲ့ အဝါရောင်ဖဲကြိုးများကလည်း သူမရဲ့ နတ်သမီးအသွင်လေးနဲ့ လွန်စွာမှ လိုက်ဖက်လွန်းနေခဲ့ပါတယ်။

4. အဖြူပေါ် အဖြူဆင့်

နာမည်ကျော် Chanel camellia နဲ့ ဆင်တူတဲ့ ပန်းအကြီးကြီးကို ပုခုံးတစ်ဖက်ပဲ ပါရှိတဲ့ ဝတ်စုံလက်မှာ ဆင်မြန်းထားခဲ့ပြီး ဒူးမြင့် ခြေအိတ်များ ပေါင်းစပ်ထားတာကလည်း Nayeon ရဲ့ look ကို ကျက်သရေရှိစွာ ခမ်းနားစေခဲ့ပါတယ်။

5. ကျားကွက်

Nayeon ဟာ ဒီကျားကွက်ပုံစံ ကိုယ်ကျပ်အင်္ကျီနဲ့ ဘောင်းဘီတိုကို တွဲဖက်ကဝတ်ဆင်ရင်း အမိုက်စား ဆံပင်အဖြောင့်ပုံစံကလည်း အမိုက်စား အငွေ့အသက်ကို ပေးစွမ်းစေခဲ့ပါတယ်။

6. အနီရောင် ဘုရင်မ

အနီရောင် bralette ကို အနီရောင် bolero နဲ့ တွဲဖက်ဝတ်ဆင်ထားရင်း Prada စကတ် အနီရောင်ကို ပေါင်းစပ်လိုက်တာကတော့ Nayeon ရဲ့ look ကို လုံးဝ ညို့အားပြင်းသွားစေခဲ့ပြီး queen vibe မျိုးကိုလည်း ပေါ်လွင်နေစေခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *