ရာဇဝတ်မှု ဆိုင်ရာ ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Song Joong Ki

ဗီဆန်ဇို ကာဆာနိုနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ မင်းသား Song Joong Ki က နောက်ထပ် ရာဇဝတ်မှုတွေနဲ့ အရှုပ်အထွေးတွေ ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆာင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက်က သတင်းတွေမှာ ဖော်ပြချက်အရ Song Joong Ki ဟာ Hwaran ရုပ်ရှင်အတွက် ကမ်းလှမ်းခံထားရပြီး သူကလည်း ကမ်းလှမ်းချက်ကို ကောင်းကောင်း review လုပ်နေတယ်လို့ မင်းသားရဲ့အေဂျင်စီ HISTORY D&C က ပြောပါတယ်။

‘Hwaran’ နေ့စဉ် ကြုံတွေ့နေရတဲ့ ငရဲလို လက်တွေ့ဘဝကနေ လွတ်မြောက်ဖို့ အန္တရာယ်များလှတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တဲ့ လူတွေအကြောင်း ရိုက်ကူးထားတဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ ရုပ်ရှင်ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းသား Song Joong Ki ဟာ JTBC ရုပ်သံလိုင်းရဲ့ ဖန်တစီ ဒရာမာ ‘Chaebol Family’s, Youngest Son’ မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Soya
Ref: allkpop

Leave a Reply

Your email address will not be published.