ပထမနေ့မှာပဲ ကော်ပီအချပ်ရေ ၁၂၀,၀၀၀ ထိ ရောင်းချရခဲ့တဲ့ Nayeon ရဲ့ “IM NAYEON”

ပထမနေ့မှာပဲ ကော်ပီအချပ်ရေ ၁၂၀,၀၀၀ ထိ ရောင်းချရခဲ့တဲ့ Nayeon ရဲ့ “IM NAYEON”

TWICE အဖွဲ့ဝင် Nayeon ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် album လေးဟာ သိသိသာသာကို ရောင်းအား အများအပြား ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းတွေအရ Nayeon ရဲ့ ပထမဆုံး mini-album ‘IM NAYEON’ ဟာ စျေးကွက်ရံ့ ကြိုတင်မှာယူမှု သန်းတစ်ဝက်ကျော်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် ကိုရီးယားအမျိုးသမီး အနုပညာရှင်ရဲ့ ရောင်းအားအကောင်းဆုံး album အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

Hanteo chart ရဲ့ ထုတ်ပြန်ချက်အရ ‘IM NAYEON’ ဟာ ပထမနေ့မှာပဲ အချပ်ရေ ၁၂၃,၈၃၅ ချပ် ရောင်းချခဲ့တာကြောင့် Nayeon ဟာလည်း IU, BLACKPINK အဖွဲ့ဝင် Rosé နဲ့ Lisa တို့လို ပထမဆုံးနေ့မှာ album အချပ်ရေ တစ်သိန်းကျော်ရရှိတဲ့ စတုတ္ထမြောက် K-Pop အမျိုးသမီး အနုပညာရှင်ဖြစ်လို့လာခဲ့ပါပြီ။

Congratulations ပါ ကောင်မလေးရေ။

Leave a Reply

Your email address will not be published. Required fields are marked *