ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ဝယ်ယူထားတယ်လို့ သတင်းထွက်နေတဲ့ BLACKPINK အဖွဲ့ဝင် Lisa

လက်ရှိ K-pop ပရိသတ်တွေအကြားမှာ ထွက်ပေါ်လျက်ရှိနေတသတင်းတစ်ခုကတော့ နာမည်ကြီးထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Lisa ဟာဆိုရင် နိုင်ငံရပ်ခြားခရီးတွေသွားလာဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကို ဝယ်ယူထားလိုက်ပြီဖြစ်တယ်ဆိုတာပါပဲ။

ဒီသတင်းထွက်ပေါ်လာပုံကတော့ လေယာဉ်အင်ဂျင်နီယာတစ်ယောက်က အင်စတာဂရမ်စတိုရီမှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းမှ အတွင်းပိုင်းပုံရိပ်တစ်ခုကို တင်လိုက်ရာကနေအစပြုခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတင်တဲ့အခါမှာ Lisa ရဲ့အကောင့်ကိုပါ တစ်ပါတည်းဖော်ပြထားသလို “သူဝယ်လိုက်တဲ့ လေယာဉ်ကို ကျွန်တော်ကိုယ်တိုင် ပြုလုပ်ပေးထားတာပါ” လို့ဆိုပြီး Private Message တစ်ခုကိုလည်းရေးသားခဲ့တာကို တွေ့ရပါတယ်။

အဲဒီအခါမှာတော့ Lisa တစ်ယောက် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းကို ဝယ်လိုက်ပြီဆိုတဲ့သတင်းတွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီလိုထွက်ရှိလာတဲ့ သတင်းတွေအရဆိုရင် Lisa ဟာ အဆိုပါဂျက်လေယာဉ်နဲ့ Celine ဖက်ရှင်ပွဲတက်ရောက်ဖို့ ပဲရစ်မြို့ကိုသွားခဲ့သလို မိခင်ဖြစ်သူရဲ့ မွေးနေ့အတွက်လည်း ထိုင်းနိုင်ငံကို သွားခဲ့သေးတယ်လို့ သိရပါတယ်။

Lisa ဝယ်ယူထားတဲ့ဂျက်လေယာဉ်ကတော့ GLOBAL 6500 ဖြစ်ပြီး တန်ဖိုးအားဖြင့်ဆိုရင် အမေရိကန်ဒေါ်လာ ၅၆ သန်းရှိတယ်လို့ ဆိုပါတယ်။

Nemo

Leave a Reply

Your email address will not be published. Required fields are marked *