ထိုင်းအနုပညာရှင် Jeff Satur နဲ့တွဲဖက်သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ထွက်ရှိလာမယ်လို့ သတင်းထွက်နေတဲ့ Hwasa

လတ်တလောအွန်လိုင်းအသုံးပြုလူငယ်တွေအကြားမှာ ထွက်ပေါ်လျက်ရှိနေတဲ့ သတင်းတစ်ခုကတော့ MAMAMOO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jeff Satur ဟာဆိုရင် ထိုင်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Jeff Satur နဲ့အတူ တွဲဖက်ပြီး သီချင်းတစ်ပုဒ်ထွက်လာဖို့ရှိတယ်ဆိုတာပါပဲ။

ဒီသတင်းဟာ Jeff Satur တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကိုရီးယားအမျိုးသမီးအဆိုတော်တစ်ဦးနဲ့အတူ သီချင်းတစ်ပုဒ်ဖန်တီးဖို့ရှိတာကြောင့် တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ရာကနေအစပြုခဲ့တာဖြစ်ပါတယ်။

အဲဒီအခါမှာ Jeff Satur နဲ့အတူတွဲဖက်သီဆိုမယ့် ကိုရီးယားအဆိုတော်က ဘယ်သူဖြစ်မယ်ဆိုတာကို ပရိသတ်တွေကခန့်မှန်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Hwasa ကလည်း လတ်တလောမှာ အနုပညာရှင်တစ်ယောက်နဲ့အတူ သီချင်းတွဲဖက်သီဆိုဖို့အတွက် ပြင်ဆင်နေလျက်ရှိတယ်ဆိုတဲ့သတင်းဟာ အင်တာနက်စာမျက်နှာတွေအပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေက Jeff Satur နဲ့တွဲဖက်သီဆိုမယ့် အဆိုတော်က Hwasa ဖြစ်နိုင်တယ်လို့ ခန့်မှန်းကောက်ချက်ချခဲ့ကြပြီး ဒီခန့်မှန်းချက်တွေအတိုင်း ဖြစ်လာဖို့အတွက်ကိုလည်း မျှော်လင့်လျက်ရှိနေကြပါတယ်။

Jeff Satur ဟာ ၂၀၁၃ ခုနှစ်ကစလို့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လတ်တလောထုတ်လွှင့်ပြသလျက်ရှိတဲ့ KinnPorshce ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကိုရရှိနေတာ ဖြစ်ပါတယ်။

Nemo

Leave a Reply

Your email address will not be published.