ဒရာမာကားသစ်မှာ အတူတွဲသရုပ်ဆောင်မယ့် James Jirayu, Bow Maylada နဲ့ Ice Paris

မင်းသားချော James Jirayu, Ice Paris နဲ့ မင်းသမီး Bow Maylada တို့ဟာ ဒရာမာကားသစ် “Lok Mon Rob Thur” မှာပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။

မင်းသမီးကြီး Anne Thongprasom ရဲ့ ချစ်သူ A-Tinnabhan နဲ့ ဒါရိုက်တာ Aew Ampaiporn တို့က ဒီဒရာမာကို ဖန်တီးကြမှာပါ။ သတင်းတွေအရဆိုရင် မင်းသား James Jirayu ဟာ မင်းသမီး Bow Maylada နဲ့ပြန်လည်ဆုံတွေ့ရမှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ မနှစ်ကလည်း “Om! Crush on Me” ရုပ်ရှင်ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ထားကြတာပါ။

စိတ်ဝင်စားစရာကောင်းတာက ဘက်စုံတော်တဲ့ အဆိုတော် သရုပ်ဆောင် Ice Paris ကလည်း ဒီဒရာမာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒါက မင်းသားအတွက် ပထမဦးဆုံး Thai TV3 ပရောဂျက်လည်း ဖြစ်ပါတယ်။

“Lok Mon Rob Thur” ဒရာမာရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါကြောင် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Soya
Ref: Thai Update

Leave a Reply

Your email address will not be published.