Ratings အမြင့်ဆုံးနေရာအတွက် ယှဉ်ပြိုင်နေတဲ့ “Why Her?” နဲ့ “Doctor Lawyer”

လူကြိုက်များနေတဲ့ mystery romance ဒရာမာ Why Her? ဟာ သောကြာ-စနေ ညနေမှာ ပြသတဲ့ ဒရာမာဇာတ်ကားများအနက် လူကြည့်အများဆုံးနဲ့ ထိပ်ဆုံးနေရာကို ရရှိထားပါတယ်။

Nielsen Korea ရဲ့ တင်ပြချက်အရ ဇွန်လ ၂၄ ရက်က ပြသခဲ့တဲ့အပိုင်းမှာ Seo Hyun Jin နဲ့ Hwang In Yeop တို့ သရုပ်ဆောင်ထားတဲ့ “Why Her?” က နိုင်ငံတစ်ဝန်း rating 8.7 ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ချန်နယ်အားလုံးက အဆိုပါအချိန်မှာ ပြသတဲ့ ဒရာမာကားတွေအနက် အမြင့်မားဆုံး rating ဖြစ်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

တစ်ဆက်တည်းမှာပဲ အဆိုပါ အချိန်မှာပဲ ပြသတဲ့ MBC ရုပ်သံလိုင်းရဲ့ “Doctor Lawyer” ဒရာမာကတော့ “Why Her?” နဲ့ ယှဉ်ပြိုင်နေပြီး တည်ငြိမ်တဲ့ ကြည့်ရှုနှုန်းကို ထိန်းထားနိုင်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် စနေက ပြသခဲ့တဲ့အပိုင်းတုန်းက ရရှိခဲ့တဲ့ အမြင့်မားဆုံး ကြည့်ရှုနှုန်း 6.4 ရာခိုင်နှုန်းအတိုင်း တည်ငြိမ်စွာနဲ့ ဆက်လက်ရပ်တည်နေပါတယ်။

Soya
Ref: Soompi

Leave a Reply

Your email address will not be published. Required fields are marked *