မိတ်ကပ်မပါပဲ အလှစစ်နဲ့ လှပကြတဲ့ တရုတ်မင်းသမီးချောလေးများ

မိတ်ကပ်မပါပဲ အလှစစ်နဲ့ လှပကြတဲ့ တရုတ်မင်းသမီးချောလေးများ

ဖျော်ဖြေရေး နယ်ပယ်ထဲမှာ ရိုက်ကူးရေးတွေ ဆောင်ရွက်တဲ့အခါ ပါဝင်ကြမယ့် အနုပညာရှင်များအနေနဲ့ မိတ်ကပ်တွေကို အစဉ်အမြဲ ဆိုသလို လိမ်းခြယ်ရလေ့ ရှိပါတယ်။ သို့ပေမယ့် မိတ်ကပ်ဟာ အတုအယောင် တစ်မျိုးသာ ဖြစ်တာကြောင့် တကယ့်အလှစစ် အလှမှန်နဲ့ တွေ့ရင်တော့ ဖန်တီးထားတဲ့ အလှဟာလည်း ရှုံးနိမ့်ရပါတယ်။

ဖျော်ဖြေရေး နယ်ပယ်ရဲ့ ထိပ်တန်း မင်းသမီးချောတွေထဲမှာ မိတ်ကပ်မလိမ်းဘဲ အလှစစ်နဲ့ အမှန်တကယ် လှပကြသူများလည်း ပေါများလှပါတယ်။ ဒီနေ့မှာတော့ အင်တာနက် သုံးစွဲသူတွေက သတ်မှတ်ပေးလိုက်တဲ့ မိတ်ကပ်မလိမ်းဘဲ အလှဆုံး ထိပ်တန်း အမျိုးသမီး ကြယ်ပွင့် (၅) ယောက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

5. Guan Xiaotong

ဒီစာရင်းမှာ ကလေးလေးလို ချစ်စရာကောင်းတဲ့ မင်းသမီးလေး Guan Xiaotong ကို နံပါတ် (၅) နေရာမှာ ဖော်ပြထားပါတယ်။ ငယ်စဉ်ကတည်းက အနုပညာမှာ ပါရမီပါခဲ့ သူလေးဖြစ်ပြီး နာမည်ကြီး ဇာတ်လမ်းတွဲ များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ကာ ဖျော်ဖြေရေး အသိုင်းအဝန်းမှာလည်း နာမည်ကြီးသူများထဲမှာ ပါဝင်ပါတယ်။ ဒီဓာတ်ပုံကနေ သူမရဲ့ ပင်ကိုယ်ပုံစံကို မြင်တွေ့နိုင်ပြီး မိတ်ကပ်လိမ်းထားတဲ့ အလှဟာ အခြေခံအားဖြင့် ကွာခြားမှု မရှိတာကို တွေ့နိုင်ပါတယ်။

4. Yang Mi

ဒီစာရင်းရဲ့ စတုတ္ထမြောက် နေရာမှာတော့ မင်းသမီးချော Yang Mi ကို ဖော်ပြထားပါတယ်။ အလွန်ကောင်းမွန်တဲ့ ဂန္တဝင်ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖျော်ဖြေရေး အဝန်းအဝိုင်းမှာ သူ့ရဲ့ လွှမ်းမိုးမှုက အတော်လေး ကြီးမားပါတယ်။ ဓာတ်ပုံထဲက ရိုးရိုးမိတ်ကပ်ပုံစံက မိတ်ကပ်အထူကြီး လိမ်းထားတဲ့ ပုံစံထက်တောင် ပိုလှနေပါသေးတယ်။

3. Zhao Liying

တတိယ အနေနဲ့ကတော့ ချစ်စရာ အသွင်အပြင်လေးနဲ့ မင်းသမီးချော Zhao Liying ကို ဖော်ပြခဲ့ကြပါတယ်။ လူချစ်လူခင်လည်း ပေါများသလို ဖျော်ဖြေရေး နယ်ပယ်မှာ သူ့ရဲ့ ကျော်ကြားမှုကလည်း အတော်လေး ကြီးမားပါတယ်။ ရလဒ်ကောင်းများနဲ့အတူ အလွန်ကောင်းမွန်တဲ့ ဂန္တဝင်လက်ရာ များစွာကို ဖန်တီးထားသူလည်း ဖြစ်ပါတယ်။ မျက်ဝန်းကျယ်ကျယ်နဲ့ သူမရဲ့ မျက်နှာလေးက လွန်စွာမှ အပြစ်ကင်းစင်ပြီး မိတ်ကပ်မပါတဲ့ ပုံစံလေးက ပိုလို့တောင် ချစ်စရာ ကောင်းနေပါတယ်။

2. Angelababy

ဒုတိယအနေနဲ့ သေစေနိုင်လောက်တဲ့ အလှပိုင်ရှင်အဖြစ် တင်စားခံရသူ Angelababy ကတော့ ထူးချွန်ပြောင်မြောက်တဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ အများအပြား ထွက်ရှိခဲ့ပြီး သူ့ရဲ့အသွင်အပြင်ကတော့ အလွန်အံ့သြစရာ ကောင်းစွာပဲ မိတ်ကပ်လိမ်း ထားတာတောင် မပြောင်းလဲတဲ့ ပင်ကိုယ် အသွင်အပြင်ကို ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာဗလာနဲ့ အသွင်အပြင်က သိပ်ကွာခြားမှု မရှိတာကြောင့် တကယ်ကို အလှစစ်ပါပဲ။

1. Dilireba

ပထမနေရာမှာ ရပ်တည်နေသူအဖြစ် အားလုံးရဲ့ အသည်းကျော် RedCarpet Queen လေး Dilireba ကို ဖော်ပြထားပါတယ်။ အားလုံးထဲမှာတော့ သူမကို အလှဆုံးလို့ ဖော်ပြသူ များပြားခဲ့တာကို တွေ့ရပါတယ်။ Dilireba လို့ ဆိုလိုက်တာနဲ့ ပြေးမြင်ရမယ့် ဇာတ်လမ်းတွဲတွေလည်း များစွာရှိနေပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ မေ့ဖျောက်လို့မရတဲ့ အလှတရားရဲ့ အမှတ်တရတွေ များစွာကို ဖန်တီးပေးရာမှာ ထင်ရှားသူလည်း ဖြစ်ပါတယ်။ တကယ်ကို နှစ်ယောက်မရှိနိုင်တဲ့ ထူးခြားတဲ့ အလှပိုင်ရှင်လေး ဆိုတာကတော့ ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.