မေလအတွက် Google ရဲ့ ရှာဖွေမှုအများဆုံး K-Pop အနုပညာရှင်များ

မေလအတွက် Google ရဲ့ ရှာဖွေမှုအများဆုံး K-Pop အနုအညာရှင်များ

K-Pop နဲ့ Korean ဖျော်ဖြေရေးဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားလာတာနဲ့အညီ သူတို့နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာအမျိုးမျိုးအတွက် Google မှာ မရေမတွက်နိုင်သော ဆောင်းပါးများရှိပြီး K-Pop အဖွဲ့များမှ idols တစ်ယောက်စီ၊ K-Drama တွေမှ သရုပ်ဆောင်များ၊ အားကစားသမားများနဲ့ အခြားသော နာမည်ကျော်များကို Google ရှိ WikiProject Korea ကို အသုံးပြုပြီး အချိန်တစ်ခုအတွင်း ဆောင်းပါးများကို ကြည့်ရှုမှုနှုန်းကို အခြေခံ၍ အင်တာနက်အသုံးပြုသူများကြားတွင် ရေပန်းအစားဆုံး K-Pop အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

10. TWICE

မေလအတွက် Google မှာ TWICE နဲ့ ပတ်သက်တဲ့ ဆောင်းပါး စုစုပေါင်းကြည့်ရှုမှုဟာ 102.2k အထိ ရရှိခဲ့ပါတယ်။ (ဒါဟာ တစ်နေ့ကို ပျမ်းမျှကြည့်ရှုမှု 3.3k ခန့် ရှိတယ်လို့ ဆိုလိုပါတယ်)

9. AleXa

မေလအတွက် Google မှာ soloist AleXa နဲ့ ပတ်သက်တဲ့ ဆောင်းပါးများရဲ့ စုစုပေါင်းကြည့်ရှုဟာ 108.1k ရရှိခဲ့ပါတယ်။ (ဒါဟာ တစ်နေ့ကို ပျမ်းမျှကြည့်ရှုမှု 3.5k ခန့်ရှိတယ်လို့ ဆိုလိုပါတယ်)

8. Lisa (BLACKPINK)

မေလအတွက် Google မှာ BLACKPINK အဖွဲ့ဝင် Lisa နဲ့ ပတ်သက်တဲ့ ဆောင်းပါးများရဲ့ စုစုပေါင်းကြည့်ရှုမှုဟာ 110.1k (တစ်နေ့ကို ပျမ်းမျှကြည့်ရှုမှု 3.6k ခန့်) အထိ ရှိခဲ့ပါတယ်။

7. IU

မေလအတွက် Google မှာ soloist လေး IU နဲ့ ပတ်သပ်တဲ့ ဆောင်းပါးများ စုစုပေါင်းကြည့်ရှုမှုဟာ 120.0k အထိ ရှိခဲ့ပါတယ်။ (ဒါဟာ တစ်နေ့ကို ပျမ်းမျှကြည့်ရှုမှု 3.9k ခန့်ရှိတယ်လို့ ဆိုလိုပါတယ်)

6. Jungkook (BTS)

မေလအတွက် Google မှာ BTS maknae လေး Jungkook ရဲ့ ဆောင်းပါးတွေဟာ စုစုပေါင်းကြည့်ရှုမှု 129.5k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 4.2k ခန့်) ရရှိခဲ့ပါတယ်။

5. PSY

မေလအတွက် Google မှာ PSY ရဲ့ဆောင်းပါးတွေဟာ စုစုပေါင်းကြည့်ရှုမှု 160.9k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 5.2k ခန့်) ရရှိခဲ့ပါတယ်။

4. LE SSERAFIM

မေလအတွက် Google မှာ 4th gen ရဲ့ အ hot ဖြစ်ဆုံး အမျိုးသမီးအဖွဲ့လေး LE SSERAFIM ရဲ့ ဆောင်းပါးတွေဟာ စုစုပေါင်းကြည့်ရှုမှု 164.1k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 5.3k ခန့်) ရရှိခဲ့ပါတယ်။

3. BLACKPINK

မေလအတွက် Google မှာ ကမ္ဘာ့အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ဖြစ်တဲ့ BLACPINK အဖွဲ့ရဲ့ ဆောင်းပါးတွေဟာ စုစုပေါင်းကြည့်ရှုမှု 166.1k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 5.4k ခန့်) ရရှိခဲ့ပါတယ်။

2. V (BTS)

မေလအတွက် Google မှာ BTS အဖွဲ့ဝင်လေး V နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေရဲ့ စုစုပေါင်းကြည့်ရှုမှုဟာ 170.1k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 5.5k ခန့်) ရရှိခဲ့ပါတယ်။

1. BTS

K-Pop နဲ့ ပတ်သက်တဲ့ အရာရာတိုင်းကို ထိပ်ဆုံးကနေ ဦးဆောင်ထားလေ့ရှိတဲ့ BTS အဖွဲ့ရဲ့ ဆောင်းပါးတွေဟာ စုစုပေါင်းကြည့်ရှုမှု 433.4k (တစ်နေ့ ပျမ်းမျှကြည့်ရှုမှု 14.0k ခန့်) ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published.