ထိုင်းမင်းသမီး Kimmy နဲ့ BLACPINK’s Jisoo တို့ရဲ့ ချစ်စဖွယ် ဆက်ဆံရေး

ထိုင်းမင်းသမီး Kimmy နဲ့ BLACPINK’s Jisoo တို့ရဲ့ ချစ်စဖွယ် ဆက်ဆံရေး

ထိုင်းနိုင်ငံက ထိပ်တန်းမင်းသမီးချော Kimmy နဲ့ တောင်ကိုရီးယားနိုင်ငံသူ ကမ္ဘာကျော် Idol လေး Jisoo တို့ဟာ နှစ်ကြိမ်တိတိ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ နေရာမတူ၊ ဘာသာစကားတွေမတူညီကြတာတောင်မှ Jisoo နဲ့ Kimmy ဟာ သိပ်မကြာသေးခင်ကပဲ Cartier Gala Dinner မှာ ထပ်မံဆုံတွေ့ခဲ့ကြပြီး တရင်းတနှီးပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာပါ။

ဒီနာမည်ကျော် မိန်းမလှလေး ၂ ယောက်ဟာ မတ်လတုန်းကလည်း Dior’s Paris Fashion Week Show မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး Jisoo လေးက သိပ်ကိုကြင်နာဖော်ရွေလွန်းတာကြောင့် မြင်မြင်ခြင်းပဲ ချစ်ခင်မိသွားကြောင်း Kimmy က သူမရဲ့ အင်တာဗျူးမှာ ပြောပြလို့သွားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ Jisoo နဲ့ Kimmy တို့ဟာ ကမ္ဘာကျော် နာမည်ကြီး လက်ဝတ်ရတနာ brand ဖြစ်တဲ့ Cartier ရဲ့ စပိန်နိုင်ငံမှာကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ခွင့်ရခဲ့ပါတော့တယ်။ ထိုပွဲမှာတော့ နိုင်ငံတကာမှ နာမည်ကြီးကျော်ကြားသူများတက်ရောက်ခဲ့ကြပြီး Kimmy နဲ့ Jisoo တို့ကတော့ ဒုတိယအကြိမ်မြောက် ပြန်‌လည်ဆုံတွေ့ကြတာဖြစ်ပါတယ်။

ဖက်ရှင်ဒီဇိုင်းအပြင်အ‌ဆင်မှာလည်း ပခုံးအလှဖော်ထားတဲ့ ရင်ပြတ်အနက်ရောင်ပွဲတက်ဝတ်စုံကို ကိုယ်စီ ဆင်တူ ဝတ်ဆင်လာခဲ့ကြပြီး လည်ပင်းမှာလည်း ရိုးရှင်းလှပတဲ့ လည်ဆွဲရတနာ ကိုယ်စီကို ဆင်မြန်းထားခဲ့ကြပါတယ်။

အဝတ်အစား၊ မိတ်ကပ်ကအစ ခပ်ဆင်ဆင်လေးနဲ့ လှပကျော့ရှင်းနေတဲ့ မိန်းမလှလေး ၂ ဦးဟာ နောက်တကြိမ်ထပ်မံဆုံခဲ့ရတာကြောင့် ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပြီး အချိန်အတော်ကြာ လမ်းလျှောက်ရင်း တရင်းတနှီးစကားစမြည်ပြောဆိုခဲ့ကြတာဟာ တစ်ယောက်နဲ့တစ်‌ယောက် ပြန်တွေ့ရလို့ တော်တော်လေး ပျော်ရွှင်စိတ်လှုပ်ရှားနေပုံပါပဲ။

လှသွေးကြွယ်တဲ့ မိန်းမပျိုလေး ၂ ဦးရဲ့ ပြန်လည်ဆုံစည်းမှုကြောင့် ပွဲတက်လာသူတွေနဲ့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ Jisoo လေးက အာရှတိုက်ရဲ့အသွေးအမွေးမျိုးနဲ့ မြင်သူတိုင်းကို သမင်လည်ပြန်ကြည့်အောင် ကျက်သရေရှိနေသလို အနောက်တိုင်းဆန်တဲ့ Kimmy ရဲ့အလှကလည်း အားလုံးကြားမှာ ထင်ပေါ်လို့နေခဲ့ပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *