WJSN အဖွဲ့ဝင် Bona နဲ့ သူငယ်ချင်းကောင်းတွေဖြစ်လို့နေတဲ့ Jisoo
WJSN အဖွဲ့ဝင် Bona နဲ့ သူငယ်ချင်းကောင်းတွေဖြစ်လို့နေတဲ့ Jisoo
BLACKPINK အဖွဲ့ဝင် Jisoo နဲ့ WJSN အဖွဲ့ဝင် Bona တို့ဟာ lovestagram ကို ပေါင်းစပ် ပြသနေကြတယ်လို့ အွန်လိုင်းအသိုင်းအဝိုင်းနဲ့ SNS မှာ ဇွန်လ ၂၄ ရက်နေ့က ပို့စ်အများအပြားနဲ့ သတင်းတွေ တက်လို့လာခဲ့ပါတယ်။
“Lovestagram” ဆိုတာကတော့ “အချစ်” နှင့် “Instagram” ပေါင်းစပ်မှုကို ဆိုလိုတာဖြစ်ပြီး ချစ်သူကို ချစ်ခင်ကြောင်းပြသသည့် Instagram ပို့စ်များကို ရည်ညွှန်းပါတယ်။
နှစ်ယောက်သားဟာ IG ပို့စ်တွေမှာ တူညီတဲ့ ဖိနပ်များနဲ့ အသုံးအဆောင် ဆက်စပ်ပစ္စည်းများကို အသုံးပြုနေကြတာကြောင့် ပရိသတ်တွေကို အာရုံစူးစိုက်လာအောင် ဆွဲဆောင်ထားနိုင်ခဲ့တာပါ။
အထူးသဖြင့် Jisoo ဟာ ယမန်နှစ်နိုဝင်ဘာလမှာ Bona သရုပ်ဆောင်ခဲ့တဲ့ “Twenty-Five Twenty-One” ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးနေရာသို့ သွားရောက်ခဲ့ပြီး ကော်ဖီထရပ်လေးကိုပါ လက်ဆောင်ပေးပို့ခဲ့တာပါ။
Bona ကလည်း အဲ့ဒီနှစ် ခရစ္စမတ်မှာ Jisoo ရဲ့ အိမ်တွင် ရှိနေခဲ့ကြောင်း Jisoo အတွက်လည်း သီးခြား messenger ကို အသုံးပြုနေကြောင်းနဲ့ မကြာသေးမီက နှစ်ယောက်သားဟာ လျှို့ဝှက် message မှ တစ်ဆင့် အပြန်အလှန် ဆက်သွယ်မှုတွေ ရှိခဲ့ကြောင်း netizens တွေက ပြသထားခဲ့ကြပါတယ်။
Jisoo နဲ့ Bona တို့ဟာ ဂီတရှိုးတစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် အလျင်အမြန်ပဲ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ Bona က Jisoo ကို သူမ အရင် သိကျွမ်းလိုတဲ့ idol အဖြစ် ရွေးချယ်ပေးခဲ့သလို Jisoo ကလည်း Bona နဲ့ ရင်းနှီးချင်တဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့တာမို့ သူတို့နှစ်ယောက်ဟာ အချိန်ခဏလေးနဲ့ ရင်းနှီးလာကြရင်း အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လို့နေခဲ့ပါပြီနော်။