တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိတဲ့ ပထမဆုံး TWICE အဖွဲ့ဝင်ဖြစ်ရတဲ့ ခံစားချက်ကိုပြောပြလာတဲ့ Nayeon

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ TWICE အဖွဲ့ဝင် Nayeon ဟာဆိုရင် သူမတို့အဖွဲ့ထဲမှာ တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရတဲ့ ပထမဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီလိုမျိုးတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရတာဟာ ခြေလှမ်းအသစ်တစ်ခုဖြစ်တဲ့အတွက် သူမအနေနဲ့ ဝမ်းသာဂုဏ်ယူခဲ့ရသလို စိတ်ဖိစီးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်းတွေကိုတော့ Nayeon က ဇွန်လ ၂၄ ရက်နေ့တုန်းကပြုလုပ်ခဲ့တဲ့ သူမရဲ့ ပထမဆုံးသောတစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ် “IM NAYEON” ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

“လူတွေက ကျွန်မကို TWICE ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲ မြင်လာခဲ့ကြတာဆိုတော့ သူတို့တွေရဲ့အတွေးထဲမှာ ကျွန်မရဲ့ပုံစံကစွဲနေပြီးသားလေ … ဒီတော့ ကျွန်မရဲ့မတူကွဲပြားတဲ့ပုံစံအသစ်တစ်မျိုးကို ပြသဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာ ပရိသတ်တွေရင်းနှီးခဲ့ပြီးသားပုံစံကိုတော့ ပယ်ဖျက်ပစ်လိုက်ဖို့ ကျွန်မ မကြိုးစားခဲ့ပါဘူး … ဒါကလည်း အယ်လ်ဘမ်အတွက် ပြင်ဆင်နေတဲ့အချိန်မှာကတည်းက ကျွန်မ အာရုံစိုက်ထားခဲ့ရတဲ့အရာတွေထဲက တစ်ခုပါ”

“နောက်ပြီးတော့ အဲဒီအချိန်အတွင်းမှာ စိတ်ဖိစီးမှုတွေရှိခဲ့တဲ့အပြင် အကုန်လုံးကို တစ်ယောက်တည်းလုပ်ရတာကလည်း ကျွန်မအတွက် ခက်ခဲခဲ့ပါတယ် … အထူးသဖြင့် အသံသွင်းပြီး ကကွက်တွေကိုလေ့ကျင့်ပြင်ဆင်ခဲ့ရတဲ့အချိန်တွေမှာပေါ့ …”

“TWICE မှာက အဖွဲ့ဝင်တွေအများကြီးရှိခဲ့တော့ တစ်ယောက်တည်း အသံမသွင်းခဲ့ရသလို တစ်ယောက်တည်းလည်း အကမလေ့ကျင့်ခဲ့ရဘူးလေ …. အဲဒီတော့မှ တစ်ယောက်တည်းသီချင်းဆိုရတာကို ကြောက်ရွံ့တတ်မှန်း ကိုယ့်ကိုယ်ကိုသိလိုက်ရတော့တာပဲ” လို့ဆိုကာ Nayeon က သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ “ဒီခရီးကို တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားပြီး ကျွန်မ တစ်ယောက်တည်း ဆက်လက်လျှောက်လှမ်းခဲ့ပါတယ် …. တစ်ယောက်တည်း သီချင်းဆိုတတ်ဖို့ကိုလည်း တစ်ဆင့်ချင်းသင်ယူခဲ့တော့မှ သီချင်းတွေသီဆိုရတာကို ကျွန်မ ဘယ်လောက်မြတ်နိုးမှန်း ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်ခဲ့တာပါ …. Idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကိုယ့်မှာရှိနေတဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသဖို့အတွက်က ကန့်သတ်ချက်တွေရှိတယ်ဆိုပေမယ့် ကျွန်မကတော့ အဲဒီကန့်သတ်ချက်တွေကို “IM NAYEON” အယ်လ်ဘမ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်”

“IM NAYEON” ကြောင့် TWICE အဖွဲ့ဝင် တစ်ယောက်ချင်းဆီမှာ မတူကွဲပြားတဲ့ပုံစံတွေရှိတယ်ဆိုတာကို အားလုံးသိရှိသွားပြီး အဖွဲ့ဝင်တွေရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ မျှော်လင့်ပါတယ်”  လို့ဆိုကာ သူမအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပုံကိုပြောသွားခဲ့တာ တွေ့ရပါတယ်။

Ref : SBS Star
Nemo

တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိတဲ့ ပထမဆုံး TWICE အဖွဲ့ဝင်ဖြစ်ရတဲ့ ခံစားချက်ကိုပြောပြလာတဲ့ Nayeon

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ TWICE အဖွဲ့ဝင် Nayeon ဟာဆိုရင် သူမတို့အဖွဲ့ထဲမှာ တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရတဲ့ ပထမဆုံးအဖွဲ့ဝင်ဖြစ်ပါတယ်။ ဒီလိုမျိုးတစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိခွင့်ရတာဟာ ခြေလှမ်းအသစ်တစ်ခုဖြစ်တဲ့အတွက် သူမအနေနဲ့ ဝမ်းသာဂုဏ်ယူခဲ့ရသလို စိတ်ဖိစီးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်းတွေကိုတော့ Nayeon က ဇွန်လ ၂၄ ရက်နေ့တုန်းကပြုလုပ်ခဲ့တဲ့ သူမရဲ့ ပထမဆုံးသောတစ်ကိုယ်တော်ပွဲဦးထွက်အယ်လ်ဘမ် “IM NAYEON” ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

“လူတွေက ကျွန်မကို TWICE ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲ မြင်လာခဲ့ကြတာဆိုတော့ သူတို့တွေရဲ့အတွေးထဲမှာ ကျွန်မရဲ့ပုံစံကစွဲနေပြီးသားလေ … ဒီတော့ ကျွန်မရဲ့မတူကွဲပြားတဲ့ပုံစံအသစ်တစ်မျိုးကို ပြသဖို့အတွက်ကြိုးစားခဲ့ရပေမယ့် ပရိသတ်တွေရင်းနှီးခဲ့ပြီးသားပုံစံကိုတော့ ပယ်ဖျက်ပစ်လိုက်ဖို့ ကျွန်မ မစဉ်းစားခဲ့ပါဘူး … ဒါကလည်း အယ်လ်ဘမ်အတွက် ပြင်ဆင်နေတဲ့အချိန်မှာကတည်းက ကျွန်မ အာရုံစိုက်ထားခဲ့ရတဲ့အရာတွေထဲက တစ်ခုပါ”

“နောက်ပြီးတော့ အဲဒီအချိန်အတွင်းမှာ စိတ်ဖိစီးမှုတွေရှိခဲ့တဲ့အပြင် အကုန်လုံးကို တစ်ယောက်တည်းလုပ်ရတာကလည်း ကျွန်မအတွက် ခက်ခဲခဲ့ပါတယ် … အထူးသဖြင့် အသံသွင်းပြီး ကကွက်တွေကိုလေ့ကျင့်ပြင်ဆင်ခဲ့ရတဲ့အချိန်တွေမှာပေါ့ …”

“TWICE မှာက အဖွဲ့ဝင်တွေအများကြီးရှိခဲ့တော့ တစ်ယောက်တည်း အသံမသွင်းခဲ့ရသလို တစ်ယောက်တည်းလည်း အကမလေ့ကျင့်ခဲ့ရဘူးလေ …. အဲဒီတော့မှ တစ်ယောက်တည်းသီချင်းဆိုရတာကို ကြောက်ရွံ့တတ်မှန်း ကိုယ့်ကိုယ်ကိုသိလိုက်ရတော့တာပဲ” လို့ဆိုကာ Nayeon က သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ “ဒီခရီးကို တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားပြီး ကျွန်မ တစ်ယောက်တည်း ဆက်လက်လျှောက်လှမ်းခဲ့ပါတယ် …. တစ်ယောက်တည်း သီချင်းဆိုတတ်ဖို့ကိုလည်း တစ်ဆင့်ချင်းသင်ယူခဲ့တော့မှ သီချင်းတွေသီဆိုရတာကို ကျွန်မ ဘယ်လောက်မြတ်နိုးမှန်း ကိုယ့်ကိုယ်ကို နားလည်သဘောပေါက်ခဲ့တာပါ …. Idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကိုယ့်မှာရှိနေတဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသဖို့အတွက်က ကန့်သတ်ချက်တွေရှိတယ်ဆိုပေမယ့် ကျွန်မကတော့ အဲဒီကန့်သတ်ချက်တွေကို “IM NAYEON” အယ်လ်ဘမ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်”

“IM NAYEON” ကြောင့် TWICE အဖွဲ့ဝင် တစ်ယောက်ချင်းဆီမှာ မတူကွဲပြားတဲ့ပုံစံတွေရှိတယ်ဆိုတာကို အားလုံးသိရှိသွားပြီး အဖွဲ့ဝင်တွေရဲ့တစ်ကိုယ်တော် အယ်လ်ဘမ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ မျှော်လင့်ပါတယ်”  လို့ဆိုကာ သူမအနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပုံကိုပြောသွားခဲ့တာ တွေ့ရပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published.