နှစ်မကုန်ခင်မှာပဲ BTS’s V ရဲ့အင်စတာဂရမ်မှာ follower သန်း ၅၀ ရနိုင်ချေရှိ

BTS အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်းစီ အောင်မြင်ကျော်ကြားမှုက ကြောက်ခမန်းလိလိပါပဲ။ BTS အဖွဲ့ဝင် V ဟာ သူ့ရဲ့အင်စတာဂရမ် follower အရေအတွက် ၄၅ သန်းကို ၆ လတည်းနဲ့ ရရှိခဲ့တာပါ။

ဇွန်လ ၂၅ ရက်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက V ဟာ follower ၄၅ သန်း ကို အချိန်တိုတိုနဲ့ အလွယ်တကူပဲ ရရှိခဲ့တာဖြစ်တဲ့အကြောင်း ရေးသားထားခဲ့ပါတယ်။

V ဟာ အင်စတာဂရမ်အကောင့်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်တုန်းက စတင်ခဲ့တာဖြစ်ပြီး ဒီနှစ် စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ followers သန်း ၅၀ ကိုရောက်ရှိနိုင်ချေရှိတယ်လို့ အင်တာနက်အသုံးပြုသူတွေက ခန့်မှန်းထားကြပါတယ်။

ဒါ့အပြင် BTS’s V ဟာ အင်စတာဂရမ်ပို့စ်မှာ Likes အရေအတွက် သန်း ၂၀ ကျော်ရရှိတဲ့ ပထမဦးဆုံး အာရှသား ဖြစ်လာခဲ့ပါတယ်။

Soya
Ref: allkpop

Leave a Reply

Your email address will not be published.