Won Bin နဲ့ ပုံတွေတင်ပြီးနောက် ခေါင်းကြီးသတင်းတွေမှာ ပါလာတဲ့ Ji Yi Soo

မင်းသမီး Ji Yi Soo က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ မင်းသား Won Bin နဲ့ ပုံတွေကို ဇွန်လ ၂၄ ရက်နေ့က တင်ခဲ့ပါတယ်။

ပုံတွေကတော့ ဂေါ့ဖ်အဝတ်အစား အမှတ်တံဆိပ်တစ်ခုရဲ့ ကြော်ငြာအတွက် ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေဖြစ်ပြီး Won Bin နဲ့ Ji Yi Soo တို့နှစ်ယောက်စလုံးကို လှပတဲ့ ဂေါ့ဖ်အဝတ်အစားတွေနဲ့ တွေ့မြင်ရမှာပါ။

မင်းသမီးရဲ့ အင်စတာဂရမ်ပုံတွေ တက်လာပြီးမကြာခင်မှာပဲ ပရိသတ်တွေကတော့ မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ မင်းသား Won Bin ရဲ့ ခန့်ညားချောမောနေဆဲ ပုံတွေကြောင့် အတော်လေးကို ဝမ်းသာနေကြတဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

မင်းသမီး Ji Yi Soo ဟာ လက်ရှိမှာ ‘Sponsor’ ဆိုတဲ့ ဒရာမာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Soya
Ref: allkpop

Leave a Reply

Your email address will not be published. Required fields are marked *