နှစ်နှစ်ပြည့် မွေးနေ့ပါတီ ပြုလုပ်ခဲ့တဲ့ Bright နဲ့ Win ရဲ့ Fandoms များ

တစ်ကမ္ဘာလုံးက ပရိသတ်တွေပါဝင်တဲ့ Bright Vachirawit နဲ့ Win Metawin တို့ရဲ့ fandom က မင်းသားနှစ်ယောက်ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အဖြစ် ဒီနေ့ ဇွန်လ ၂၆ ရက်မှာ မွေးနေ့ပါတီပြုလုပ်ပေးခဲ့ကြပါတယ်။

2nd BRIGHTWIN Fans ဆိုတဲ့ စာသားက Thailand, Indonesia, the Philippines နဲ့ ကမ္ဘာတစ်ဝန်းက Twitter မှာ Trending ဖြစ်နေပြီး ပရိသတ်တွေက မင်းသားနှစ်ဦးအပေါ် သူတို့ရဲ့အချစ်တွေကို ဖော်ပြခဲ့ကြပါတယ်။

ပရိသတ်တွေက အမြဲတမ်း အတူတူ အောင်မြင်မှုတွေ ရရှိစေဖို့ ဆုတောင်းပေးခဲ့ကြပြီး နှစ်ယောက်စလုံးကို အမြဲတမ်း support လုပ်သွားမှာပါလို့ ပြောခဲ့ပါတယ်။

Bright Vachirawit နဲ့ Win Metawin တို့အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ “2Gether The Series” ကို ၂၀၂၀ ဖေဖော်ဝါရီလက GMM 25 မှာ စတင်ထုတ်လွှင့် ပြသခဲ့ပြီး နှစ်ယောက်စလုံးဟာ နိုင်ငံတကာအထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Soya
Ref: Thai Update

Leave a Reply

Your email address will not be published. Required fields are marked *