ဒီနှစ်ထဲမှာ ဇာတ်ကားသစ်တွေ ထပ်မံရိုက်ကူးဖို့ ရှိနေသေးတဲ့ ထိုင်းမင်းသမီး လေးယောက်

ဒီနှစ်ထဲမှာ ဇာတ်ကားသစ်တွေ ထပ်မံရိုက်ကူးဖို့ ရှိနေသေးတဲ့ ထိုင်းမင်းသမီး လေးယောက်

သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ မင်းသမီး Taew Natapohn, Toey Jarinporn, Mint Chalida နဲ့ Mew Nittha တို့ဟာ ဒီနှစ်နှောင်းပိုင်းမှာလည်း ကိုယ်စီကိုယ်ငှ ပရောဂျက်အသစ်တွေ ဆက်ရှိနေပါသေးတယ်။

သူငယ်ချင်းလေးယောက်စလုံးဟာ ဒီနှစ်ထဲမှာ ပရောဂျက်များစွာမှာ ပါဝင်ခဲ့ပြီးဖြစ်သလို ထိပ်တန်းမင်းသားတွေနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒုတိယနှစ်ဝက်မှာ သူတို့လေးယောက်အတွက် ဘယ်ပရောဂျက်တွေ ကျန်ရှိနေသေးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Taew Natapohn

မင်းသမီး Taew က သူမရဲ့ အဆိုစွမ်းရည်ကို ပြသပြီးနောက်မှာတော့ Nine Naphat နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “Nobody’s Happy If I’m Not” ဒရာမာကားသစ်ကို ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Toey Jarinporn

ဒီကနေ ဇွန် ၂၆ ရက်မှာ Toey Jarinporn က “To The Moon and Back” ရိုက်ကွင်းမှာ James Jirayu ရိုက်ပေးတဲ့ ပုံကို တင်ခဲ့ပါတယ်။ ဒီပရောဂျက်အပြင် သူမဟာ Ter Chantavit နဲ့ “Undercover Kitchen” ဆိုတဲ့ နောက်ထပ် ပရောဂျက်အသစ်တစ်ခုလည်း ရှိနေပါသေးတယ်။

Mint Chalida

ဒီနှစ်အစောပိုင်းက Mint Chalida ဟာ ဒရာမာကားသစ် “Saan Sanaeha” မှာ စိန်ခေါ်မှုများတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ သူမဟာ Nonkul Chanon နဲ့ ပထမဦးဆုံး တွဲဖက်သရုပ်ဆောင်ရမယ့် “The Office Game” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပါတယ်။

Mew Nittha

Mew Nittha ကတော့ ရုပ်ရှင်ကားသစ် “Home For Rent” နဲ့ ပိတ်ကားကြီးပေါ် ပြန်လာတော့မှာပါ။ အံ့အားသင့်စရာတစ်ခုကတော့ သူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ် channel 7 မင်းသား Weir Sukollawat နဲ့ ပထမဦးဆုံးအကြိမ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Soya
Ref: Thai Update

ဒီနှစ်ထဲမှာ ဇာတ်ကားသစ်တွေ ထပ်မံရိုက်ကူးဖို့ ရှိနေသေးတဲ့ ထိုင်းမင်းသမီး လေးယောက်

သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ မင်းသမီး Taew Natapohn, Toey Jarinporn, Mint Chalida နဲ့ Mew Nittha တို့ဟာ ဒီနှစ်နှောင်းပိုင်းမှာလည်း ကိုယ်စီကိုယ်ငှ ပရောဂျက်အသစ်တွေ ဆက်ရှိနေပါသေးတယ်။ သူငယ်ချင်းလေးယောက်စလုံးဟာ ဒီနှစ်ထဲမှာ ပရောဂျက်များစွာမှာ ပါဝင်ခဲ့ပြီးဖြစ်သလို ထိပ်တန်းမင်းသားတွေနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဒုတိယနှစ်ဝက်မှာ သူတို့လေးယောက်အတွက် ဘယ်ပရောဂျက်တွေ ကျန်ရှိနေသေးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Taew Natapohn

မင်းသမီး Taew က သူမရဲ့ အဆိုစွမ်းရည်ကို ပြသပြီးနောက်မှာတော့ Nine Naphat နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ “Nobody’s Happy If I’m Not” ဒရာမာကားသစ်ကို ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Toey Jarinporn

ဒီကနေ ဇွန် ၂၆ ရက်မှာ Toey Jarinporn က “To The Moon and Back” ရိုက်ကွင်းမှာ James Jirayu ရိုက်ပေးတဲ့ ပုံကို တင်ခဲ့ပါတယ်။

ဒီပရောဂျက်အပြင် သူမဟာ Ter Chantavit နဲ့ “Undercover Kitchen” ဆိုတဲ့ နောက်ထပ် ပရောဂျက်အသစ်တစ်ခုလည်း ရှိနေပါသေးတယ်။

Mint Chalida

ဒီနှစ်အစောပိုင်းက Mint Chalida ဟာ ဒရာမာကားသစ် “Saan Sanaeha” မှာ စိန်ခေါ်မှုများတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ သူမဟာ Nonkul Chanon နဲ့ ပထမဦးဆုံး တွဲဖက်သရုပ်ဆောင်ရမယ့် “The Office Game” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပါတယ်။

Mew Nittha

Mew Nittha ကတော့ ရုပ်ရှင်ကားသစ် “Home For Rent” နဲ့ ပိတ်ကားကြီးပေါ် ပြန်လာတော့မှာပါ။ အံ့အားသင့်စရာတစ်ခုကတော့ သူမဟာ ခေါင်းဆောင်မင်းသမီးအဖြစ် channel 7 မင်းသား Weir Sukollawat နဲ့ ပထမဦးဆုံးအကြိမ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Soya
Ref: Thai Update

Leave a Reply

Your email address will not be published.