သမိုင်းတစ်လျှောက်မှာ Music Show Win စုစုပေါင်း ၁၆၀ ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ BTS
သမိုင်းတစ်လျှောက်မှာ Music Show Win စုစုပေါင်း ၁၆၀ ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ BTS
BTS အဖွဲ့ကတော့ သူတို့ရဲ့ နောက်ဆုံးထွက် album လေး “Proof” က title track လေး “Yet To Come (The Most Beautiful Moment)” နဲ့အတူ သူတို့ရဲ့ ၈ ခု မြောက် music show win ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သလို သမိုင်းတစ်လျှောက်မှာလည်း music show win အကြိမ်ရေ စုစုပေါင်း ၁၆၀ အထိ စုဆောင်းထားနိုင်ခဲ့ပါပြီ။
BTS ရဲ့ “Yet To Come” ဟာ ဒီတစ်ပါတ်မှာလည်း SBS ရဲ့ Inkigayo မှာ IVE အဖွဲ့ရဲ့ “Love Dive” နဲ့ KyoungSeo’s “Dear my X” သီချင်းတွေကို ကျော်ဖြတ်ရင်း winner ဆု ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပါတ်ရဲ့ Inkigayo မှာတော့ Kim Hee Jae, TWICE’s Nayeon, DRIPPIN, Lapillus, bugAboo, BDC, SECRET NUMBER, ICHILLIN’, GOT7’s Youngjae, Wonho, LOONA, KARD, Kep1er, TAN, TRENDZ, TNX နဲ့ PIXY တို့က ပါဝင်ဖျော်ဖြေသွားခဲ့ကြပ့တယ်။
Congratulations ပါ BTS နဲ့ ARMY လေးတို့ရေ။