ပရိသတ်တွေကို ကြည်နူးသွားစေမယ့် မင်းသမီး Jang Nara ရဲ့ မင်္ဂလာပွဲက ပုံရိပ်လေးများ

ပရိသတ်တွေကို ကြည်နူးသွားစေမယ့် မင်းသမီး Jang Nara ရဲ့ မင်္ဂလာပွဲက ပုံရိပ်လေးများ

အသက် ၄၂ နှစ်အရွယ် မင်းသမီးချောလေး Jang Nara ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံအချို့ကို အွန်လိုင်းပေါ်မှာ ဖြန့်ချိလို့သွားခဲ့ပါတယ်။ သတို့သမီးလေး Nara ရဲ့ လှပမှုတွေနဲ့ ပျော်ရွှင်နေမှုတွေဟာ ပရိသတ်တွေတော့ ကြည်နူးစရာလေးဖြစ်ခဲ့တာပါ။

Jang Nara ဟာ ဇွန်လ ၂၆ ရက်နေ့မှာ ဆိုးလ်မြို့၊ Naegok-dong ရှိ မင်္ဂလာခန်းမတွင် မင်္ဂလာဆောင်ပွဲကြီးကို ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ မင်းသမီးရဲ့ ခင်ပွန်းကတော့ သူမထက် ၆ နှစ် ငယ်ရွယ်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

Jang Nara နဲ့ သူမရဲ့ခင်ပွန်းတို့ဟာ SBS ဇာတ်လမ်းတွဲ “VIP” ကို ရိုက်ကူး ခဲ့ချိန်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ နှစ်ယောက်သား အပြန်အလှန် ဆက်သွယ်မှုတွေရှိခဲ့ပြီး ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။

မင်္ဂလာဆောင်ပြီးပြီးချင်းမှာပဲ ပွဲလာ ဧည့်သည်တွေရဲ့ Instagram မှာ အခမ်းအနားဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကတစ်ဆင့် ပရိသတ်တွေကလည်း သူတို့ရဲ့အချစ်တော်လေး Jang Nara ရဲ့ ပျော်ရွှင်မှုကြည်နူးနေပုံတွေနဲ့ ဘဝအသစ်တစ်ခုရဲ့ ပျော်စရာနိဒါန်းကိုလည်း ခံစားမိကြမှာပါနော်။

Leave a Reply

Your email address will not be published.