“F4 Thailand” မှ သရုပ်ဆောင်လေးတွေရဲ့ အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲများ
“F4 Thailand” မှ သရုပ်ဆောင်လေးတွေရဲ့ အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲများ
လက်ရှိမှာ GMM 25 က ပြသနေတဲ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “F4 Thailand: Boys Over Flowers” လေးဟာ မြန်မာပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေခဲ့ပါတယ်။ Bright Vachirawit, Tu Tontawan, Dew Jirawat, Win Metawin, Nani Hirunkit တို့လို ငယ်ရွယ်ပြီး visual ပိုင်းမှာ ပြည့်စုံလွန်းသူလေးတွေကို အသုံးပြုထားတာကြောင့် ပရိသတ်တွေကလည်း စွဲလန်းနေခဲ့ကြတာပါ။
နာမည်ကျော် K-Drama ရဲ့ remake, သရုပ်ဆောင်တွေရဲ့ အရည်အသွေးတွေကလည်း သူတို့ရဲ့ချောမောမှုနဲ့အတူ ဇာတ်လမ်းကို အရောင်တင်ပေးခဲ့ကြတာကြောင့် ပြည်ပနိုင်ငံတွေအထိ ဒီဇာတ်လမ်းတွဲလေးဟာ အောင်မြင်ကျော်ကြားနေရခြင်းဖြစ်ပါတယ်။
Bright နဲ့ Win ကိုတော့ ထိုင်း drama ချစ်သူတို့ ရင်းနှီးနေနှင့်ပြီးသားဆိုပေမဲ့ Tu Tontawan, Dew Jirawat, Nani Hirunkit တို့ကတော့ မြန်မာပရိသတ်နဲ့ အခုမှထိတွေ့ခဲ့ကြရသူလေးတွေပါ။ ဒါ့ကြောင့် ဒီထဲက သရုပ်ဆောင်လေးတွေရဲ့ နောက်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲသစ်လေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။
Bright Vachirawit
ကမ္ဘာကျော် မင်းသားချောလေး Bright Vachirawit ကတော့ မင်းသမီး Mai Davika နဲ့ “Astrophile” ထွက်ရှိပြီးခဲ့ပြီဖြစ်သလို မင်းသမီး Thanaerng Kanyawee နဲ့ “Good Old Days” အစရှိတဲ့ ဇာတ်လမ်းတွဲသစ်လေး ၂ ခု ထွက်ရှိလာပါဦးမယ်။
Win Metawin
နာမည်ကျော်မင်းသားလေး Win Metawin ကတော့နာမည်ကျော် စီနီယာမမ Min Pechaya နဲ့အတူ “Devil Sister” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်လေး ထွက်ရှိလာခဲ့ပြီဖြစ်သလို Bright နဲ့အတူ “Good Old Days” မှာလည်း မင်းသမီး Pat Chayanit နဲ့တွဲဖက်ပြီး အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သွားပါဦးမယ်။
Tu Tontawan
မင်းသမီးငယ်လေး Tu Tontawan ဟာလည်း ဇာတ်လမ်းတွဲသစ်လေး “10 Years Ticket” မှာ Off Jumpol, Ohm Pawat တို့နဲ့ တွဲဖက်ညီညီ သရုပ်ဆောင်ထားနိုင်ခဲ့ပါသေးတယ်။
Dew Jirawat
Dew Jirawat လေးရဲ့ နောက်ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲသစ်လေးကတော့ “Home School” ဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
Nani Hirunkit
Nani Hirunkit ကလည်း Dew နဲ့အတူ “Home School” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သွားမှာပါ။