ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရရှိတော့မှာဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ ဇနီးမောင်နှံ

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် ခင်ပွန်းဖြစ်သူ မင်းသား Hyun Bin နဲ့လက်ထပ်ပြီး ၃ လအကြာမှာတော့ သူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Son Ye Jin က သူမကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။ ယင်းအသိပေးကြေညာထားတဲ့ပို့စ်ထဲမှာဆိုရင် “အားလုံးပဲ မင်္ဂလာပါနော် … နေကောင်းကျန်းမာကြရဲ့လားရှင့် …. ကျွန်မကတော့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေပါတယ် … ဒီနေ့တော့ အားလုံးကို သတင်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်”
“မကြာခင်မှာ ကျွန်မတို့နှစ်ယောက်က ဘ၀ပုံစံအသစ်တစ်ခုဆီကို ရောက်ရှိတော့မှာပါ …. ဒါကို အခုထိမယုံနိုင်သေးဘူးဆိုပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်ပုံစံက နေ့စဉ်နဲ့အမျှပြောင်းလဲလာတာကို ခံစားမိပါတယ် … ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို သတိကြီးကြီးထားနေရတာကြောင့် ကျွန်မရဲ့အနားမှာရှိနေတဲ့သူတွေကိုတော့ ဒီအကြောင်းမပြောပြရသေးပါဘူး”
“မကြာခင်မှာတော့ ဒီသတင်းကို ကျွန်မတို့လိုမျိုးပဲ စောင့်မျှော်နေကြတဲ့ ပရိပရိသတ်တွေနဲ့ မိတ်ဆွေတွေဆီကို မျှဝေပေးသွားပါ့မယ် …. ကျွန်မတို့ဆီရောက်လာတော့မယ့် အဖိုးတန်ရတနာလေးကိုလည်း ကောင်းမွန်စွာသေသေချာချာကာကွယ်စောင့်ရှောက်ပေးသွားမှာပါ”
“ရှင်တို့အားလုံးလည်း ဘဝရဲ့ တန်ဖိုးရှိတဲ့အရာတွေကို ကာကွယ်ပြီး ကျန်းမာစွာနေထိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်….အားလုံးပဲ ပျော်ရွှင်ကြပါစေ ♥” လို့ဆိုကာ ရေးသားထားတာဖြစ်ပါတယ်။
Hyun Bin နဲ့ Son Ye Ji တို့ဟာဆိုရင် ချစ်သူတွေဖြစ်နေကြပြီဆိုတာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အတည်ပြုကြေညာပေးခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ တရားဝင်လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Ref : Soompi
Nemo
ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်ရရှိတော့မှာဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ ဇနီးမောင်နှံ
တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် ခင်ပွန်းဖြစ်သူ မင်းသား Hyun Bin နဲ့လက်ထပ်ပြီး ၃ လအကြာမှာတော့ သူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Son Ye Jin က သူမကိုယ်တိုင်အသုံးပြုတဲ့ အင်စတာဂရမ်အကောင့်ကနေတစ်ဆင့် ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
ယင်းအသိပေးကြေညာထားတဲ့ပို့စ်ထဲမှာဆိုရင် “အားလုံးပဲ မင်္ဂလာပါနော် … နေကောင်းကျန်းမာကြရဲ့လားရှင့် …. ကျွန်မကတော့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေရှိနေပါတယ် … ဒီနေ့တော့ အားလုံးကို သတင်းကောင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်”