မကြာခင်မှာ မြင်တွေ့သွားရတော့မယ့် အမိုက်စား K-Pop Comeback မျာ

မကြာခင်မှာ မြင်တွေ့သွားရတော့မယ့် အမိုက်စား K-Pop Comeback များ

K-Pop စင်မြင့်ထက်က အမိုက်ဆုံး comeback တွေကိုတော့ လာမယ့် ၂၀၂၂၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ မြင်တွေ့သွားရဖို့ ရှိနေခဲ့ပါပြီနော်။

ပထမဦးစွာအနေနဲ့ ဇူလိုင်လအတွက် အတည်ပြုထားခဲ့ပြီဖြစ်တဲ့ comeback lineup ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Hyolyn
  • Cosmic Girls
  • ENHYPEN
  • WINNER
  • ITZY
  • aespa
  • fromis_9
  • ATEEZ
  • SF9
  • Super Junior
  • BTS J-Hope
  • VIVIZ
  • Chung Ha

တို့က လာမယ့် ဇူလိုင်လထဲမှာ comeback လာကြမယ်လို့ အသီးသီး အတည်ပြုထားခဲ့ပြီးပါပြီ။

ဒုတိယအနေနဲ့ သြဂုတ်လအတွက် ခန့်မှန်းထားကြတဲ့ comeback lineup မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Girls’ Generation (အတည်ပြုပြီး)
  • TWICE
  • Red Velvet
  • BLACKPINK (သြဂုတ် လကုန်ပိုင်းနဲ့ စက်တင်ဘာ အစောပိုင်းမှာ မြင်တွေ့သွားရနိုင်)
  • STAYC
  • G-Dragon
  • NCT 127

တို့က သြဂုတ်လမှာ comeback လာကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

ထင်ကြေးပေးမှုတွေသာ မှန်ခဲ့မယ်ဆိုရင်တော့ သြဂုတ်လဟာ K-Pop လောကအတွက် အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲမယ့် လတစ်လဖြစ်နိုင်တယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ဒါကြောင့် K-Pop King ရဲ့ solo comeback, 2nd gen ရဲ့ ထိပ်တန်းမိန်းကလေး အဖွဲ့ (Girls’ Generation) နဲ့ 3rd gen ရဲ့ ထိပ်တန်းမိန်းကလေး သုံးဖွဲ့ (TWICE, Red Velvet, BLACKPINK) တို့ရဲ့ အားပြိုင်မှုဟာ K-Pop ရဲ့ ရွှေခေတ်သစ် ခေတ်ဖြစ်နိုင်တယ်လို့ အင်တာနက် အသုံးပြုသူတွေကတော့ ထင်ကြေးပေးနေကြပြီဖြစ်ပြီး စာရေးသူကိုယ်တိုင်ကလည်း သြဂုတ်လကိုတော့ မစောင့်နိုင်အောင် ဖြစ်လို့နေပါပြီနော်။

Leave a Reply

Your email address will not be published.