Xiao Zhan နဲ့ Liu Yifei တို့ရဲ့ တွဲဖက်မှုကို မြင်တွေ့သွားရနိုင်တဲ့ “Changling” ဇာတ်လမ်းတွဲ

Xiao Zhan နဲ့ Liu Yifei တို့ရဲ့ တွဲဖက်မှုကို မြင်တွေ့သွားရနိုင်တဲ့ “Changling” ဇာတ်လမ်းတွဲ

ဝါရင့်ထိပ်တန်း မင်းသမီးချောရဲ့ (၁၅) နှစ်ကြာမှ ပြန်လည်ရိုက်ကူးခဲ့တဲ့ “A Dream of Splendor” ဇာတ်လမ်းတွဲဟာ မျှော်လင့်ထားတာထက် အံ့အားသင့်စရာ ကောင်းလောက်အောင် ရေပန်းစားလာပြီးနောက် Liu Yifei ဟာလည်း ယခင်ကထက်ပိုပြီး အင်တာနက်သုံးစွဲသူများကို ဖမ်းစားခဲ့ပါတယ်။

လက်ရှိမှာ Liu Yifei နဲ့ Li Xian တို့ဟာ “Going to a Windy Place” ဇာတ်လမ်းတွဲကို ရိုက်ကူးလျက်ရှိနေပြီး Liu Yifei ဟာ နောက်ထပ်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “Changling” မှာ ထိပ်တန်းမင်းသားချော Xiao Zhan နဲ့ တွဲဖက် သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတစ်ဦးက ပြီးခဲ့တဲ့ လပိုင်းမှာကတည်းက ပြောကြားသွားခဲ့ပါတယ်။

သို့ပေမဲ့လည်း Liu Yifei ဟာ ဇာတ်ကောင် မင်းသမီးအဖြစ် ပါဝင်သွားမှာ သေချာပေမဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ မဆုံးဖြတ်ခဲ့ရသေးဘူးလို့ သိရသလို Xiao Zhan အပြငမ Zhang Binbin, Chen Zheyuan, Wang Yibo တို့ဟာလည်း လျာထားခံထားရတယ်လို့ သတင်းတွေက ဆိုထားပါတယ်။

ဒါပေမဲ့လည်း ဇွန်လ ၂၅ ရက်နေ့က နောက်ဆုံးရရှိခဲ့တဲ့ သတင်းတွေအရ “Changling” ရဲ့ အမျိုးသားဇာတ်ဆောင်ကို Xiao Zhan ကို ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အင်တာနက်အသုံးပြုသူအချို့က သတင်းပေါက်ကြားခဲ့ပါတော့တယ်။

ဒါကြောင့် ဒီသတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင်တော မပြသခင်ကတည်းက ဒီဇာတ်လမ်းဟာ လူကြိုက်များလာမှာပါ။ Xiao Zhan ရဲ့ အသွင်အပြင်နဲ့ ပတ်သက်လို့ အများကြီးပြောစရာ မလိုပါဘူး။အခုလက်ရှိ ပြည်တွင်းဖျော်ဖြေရေးလောကမှာ ထိပ်တန်း အမျိုးသားကြယ်ပွင့်ဖြစ်နေတာကြောင့် Xiao Zhan နဲ့ Liu Yifei တို့သာ ပူးပေါင်းသရုပ်ဆောင်သွားမယ်ဆိုရင် ပရိသတ်တော်တော်များများက သူတို့အတွဲရဲ့ visual ပေါင်းစပ်မှု သဘောကျကြမှာ အသေအချာပါပဲ။

တစ်ချိန်တည်းမှာပဲ အခြားသော ဘလော့ဂါတစ်ဟောက်က “Changling” ရဲ့ အမျိုးသားဇာတ်ဆောင်ဟာ Xiao Zhan မဟုတ်ဘဲ Chen Zheyuan ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာကြောင့် ပရိသတ်တွေကလည်း ထပ်မံပြီးတော့ ဝေခွဲမရ ဖြစ်ခဲ့ရပါတော့တယ်။

“Changling” ဇာတ်လမ်းရဲ့ ဒါရိုက်တာမှာ “Meng Hualu” ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Yang Yang ဖြစ်ပြီး သူမဟာ Liu Yifei ကိုပဲ ခေါင်းဆောင် မင်းသမီးအဖြစ် ရွေးချယ်ရသေးတယ်လို့ အတည်ပြုထားခဲ့တာကြောင့် အမျိုးသား ဇာတ်ဆောင်က ဘယ်သူလဲဆိုတဲ့ တရားဝင်ကြေငြာချက်ကို စောင့်ကြည့်ရပါဦးမယ်။

Leave a Reply

Your email address will not be published.