Comeback လာဖို့အတွက် အတူတူ လေ့ကျင့်နေကြပြီဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင်များ

Comeback လာဖို့အတွက် အတူတူ လေ့ကျင့်နေကြပြီဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင်များ

အဖွဲ့သက်တမ်း ၁၅ နှစ် ပြည့်မြောက်ဖို့ နီးစပ်လာတာနဲ့အမျှ K-Pop ရဲ့ ဂန္ဓဝင် မိန်းကလေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation ပရိသတ်များကတော့ အဖွဲ့ရဲ့ လူစုံတက်စုံ comeback ကို စောင့်မျှော်လို့နေကြပါပြီ။

လတ်တလောမှာပဲ Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ YoonA တို့ကို တွဲဖက်မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တွေကတော့ ပီတိဖြစ်လို့နေကြပြီး ဓာတ်ပုံတွေမှာတော့ နှစ်ဦးသား အားကစားဝတ်စုံ ကိုယ်စီဝတ်ဆင်ကာ ထိုင်နေကြရင်း အသားညှပ်ပေါင်မုန့်ကို အတူတူစားနေကြပုံကို ပြသထားပါတယ်။

“၁၅ နှစ် အတူရှိခဲ့တဲ့ ကျွန်မရဲ့ စားသောက်ဖော်” လို့ စာတန်းထိုးထားတဲ့ ဓါတ်ပုံတွေကြောင့် သူတို့နှစ်ဦးဟာ လာမယ့် comeback အတွက် လက်ရှိမှာ အတူတူ လေ့ကျင့်နေကြတယ်လို့ အင်တာနက်သုံးစွဲသူတွေက တွေးနေခဲ့ကြတာပါ။

Girls’ Generation အဖွဲ့ဟာ သူတို့ရဲ့ အဖွဲ့သက်တမ်း ၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခု သြဂုတ်လမှာ comeback လာမှာဖြစ်ကြောင်း အတည်ပြုထားခဲ့တာကြောင့် Netizens တွေအတွက်တော့ သူတို့အဖွဲ့ ပြန်လာဖို့ လေ့ကျင့်နေတာကို မြင်ရတော့ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ကြတာပါ။

အဖွဲ့ဟာ ၂၀၀၇ ခုနှစ် ပွဲဦးထွက်ချိန်ကတည်းက မယုံနိုင်လောက်အောင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အဖွဲ့လိုက် နောက်ဆုံး promotion လုပ်ခဲ့ချိန်ပတော့ သူတို့ရဲ့ ဆဋ္ဌမမြောက် album ထွက်ရှိချိန် “Holiday Night” အတွက် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *