ပြန်ပေါင်းဖက်နေပြီလို့ ထင်ကြေးပေးခံနေရတဲ့ Zhao Liying နဲ့ Feng Shaofeng

ပြန်ပေါင်းဖက်နေပြီလို့ ထင်ကြေးပေးခံနေရတဲ့ Zhao Liying နဲ့ Feng Shaofeng

လွန်ခဲ့တဲ့ ရက်အနည်းငယ်က နာမည်ကြီး အတင်းအဖျင်းတွေကို ဖော်ထုတ်လေ့ရှိတဲ့ V Zhang Xiaohan က Zhao Liying နဲ့ Feng Shaofeng တို့ကို Hengdian ရဲ့ ကလပ်မှာ အတူတူတွေ့ရှိခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။

ကလပ်ကနေ ထွက်ခွာလာခဲ့တဲ့ သူတို့နှစ်ဦးကြားက အချိန်ကွာခြားမှုဟာ ၅ မိနစ်ထက် မပိုတာကြောင့် တစ်ခုခုဖြစ်ခဲ့ကြတယ်လို့ ယူဆခဲ့ပြီး သူတို့နှစ်ယောက်ဟာ ပြန်ပေါင်းဖက်နေကြပြီဆိုတဲ့ သတင်းတွေက ပျံ့နှံ့လို့သွားခဲ့ပါတော့တယ်။

တကယ်တော့ Zhao Liying နဲ့ Feng Shaofeng တို့ဟာ ငြိမ်းချမ်းစွာ လမ်းခွဲခဲ့ကြပြီး အလယ်မှာ နှောင်ကြိုး ကလေးတစ်ယောက်ရှိတာကြောင့် သူတို့နှစ်ယောက်ဟာ အဲဒီကတည်းက အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ ဒါကြောင့် ပေါင်းစပ်ဖူးခဲ့ကြတဲ့ ဇနီးမောင်နှံတွေဟာ တစ်ယောက်နဲ့တစ်ယောက်တော့ ဆုံတွေ့နေကြနေဦးမှာပါပဲ။

ဒါပေမယ့်လည်း ပြန်ပေါင်းထုပ်ကြဖို့ကတော့ လက်တွေ့မှာ သိပ်မဖြစ်နိုင်ပါဘူး။ Feng Shaofeng နဲ့ Zhao Liying တို့ဟာ ကိုယ်ရည်ကိုယ်သွေးအရလည်း အချင်းချင်း မလိုက်ဖက်သလို သူတို့နှစ်ယောက် လက်ထပ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ “Knowing or Not” ဇာတ်ကားရိုက်ကူးစဉ်မှာ ချစ်ကြိုက်ခဲ့ကြတာပါ။

ဒါ့အပြင် Zhao Liying ကလည်း ကိုယ်ဝန်ရှိနေခဲ့တာကြောင့် ကလေးကို ငဲ့ညာပြီး အလျင်အမြန် လက်ထပ်ခဲ့ကြတဲ့ အိမ်ထောင်ရေးတစ်ခုပါ။ အိမ်ထောင်ကျပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ကြားက စိတ်နေစိတ်ထားနဲ့ လိုက်လျောညီထွေ မဖြစ်မှုတွေဟာ တဖြည်းဖြည်းနဲ့ ပေါ်လာခဲ့ပါတယ်။

Feng Shaofeng နဲ့ သူ့ရဲ့ရင်းနှီးမြုပ်နှံမှုရဲ့ နောက်ဆက်တွဲ ကျရှုံးမှုတွေနဲ့အတူ Zhao Liying ကလည်း အခြားပါတီများနှင့် ဆက်ဆံရေးကို ရှင်းပစ်ဖို့ ဆုံးဖြတ်ခဲ့သလို Feng Shaofeng ရဲ့ မိခင်ရဲ့ လုပ်ရပ်တွေတချို့ကြောင့်လည်း သူတို့အိမ်ထောင်ရေးဟာ ပြိုလဲသွားခဲ့ရပေမဲ့ အခုထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *