နောက်လထဲမှာ ချစ်သူသစ်နဲ့ လက်ထပ်တော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ Weir

နောက်လထဲမှာ ချစ်သူသစ်နဲ့ လက်ထပ်တော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ Weir

မင်းသား Weir Sullokawat ကတော့ နောက်လထဲမှာ သူ့ရဲ့ချစ်သူသစ် Vicky နဲ့ လက်ထပ်သွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လို့လာခဲ့ပါတယ်။

Weir ရဲ့ မိခင်နဲ့ Vicky ရဲ့ မိသားစုတို့ဟာ တွေ့ဆုံစကားပြောခဲ့ကြပြီး လက်ထပ်ဖို့ကိစ္စကို အမြန်ဆုံး ဆောင်ရွက်နေကြပြီလို့ Weir ရဲ့ နီးစပ်ရာ အသိုင်းအဝိုင်းက သတင်းတွေ ထွက်ပေါ်လို့လာခဲ့သလို Vicky ကလည်း နိုင်ငံခြားကနေ မိသားစုနဲ့အတူ ရုတ်တရက် ပြန်လာခဲ့တာကြောင့် ဒီသတင်းတွေက ပိုမို ခိုင်မာလာခဲ့တာပါ။

သတင်းတွေအရ Weir ဟာ ဇူလိုင်လလယ်မှာ မင်္ဂလာပွဲ ကျင်းပသွားရဖို့ ရှိနေခဲ့ပြီး ပြည်တွင်း သတင်းထောက်တွေကတော့ ဒီကောလဟာလတွေနဲ့ စပ်လျဥ်းလို့ Weir ရဲ့ မန်နေဂျာဖြစ်သူကို တိုက်ရိုက်မေးမြန်းမှုတွေ ပြုလုပ်လို့သွားခဲ့တယ်လို့လည်း သိရပါတယ်။

မန်နေဂျာဖြစ်သူကတော့ သူတို့အနေနဲ့ မင်းသားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အသိမပေးပဲ့ မီဒီယာတွေထံ ချပြလို့မရဘူးလို့ပဲ အဖြေပေးသွားခဲ့ပြီး ချစ်သူဟောင်း မင်းသမီးချော Bella နဲ့ ပြတ်စဲပြီး သိပ်မကြာခင်မှာပဲ ချစ်သူသစ်နဲ့ လက်ထပ်ဖို့ရှိနေတဲ့ Weir ကိုယ်တိုင်ကတော့ ဒီသတင်းတွေကို ဖြေရှင်းပေးဖို့ ပရိသတ်တွေက အလိုရှိနေကြပါပြီ။

Weir ဟာ Bella နဲ့ ၁၀ နှစ်တာနီးပါး တွဲခဲ့ပြီးမှာ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ဒီလိုမျိုး လမ်းခွဲခဲ့ရတာဟာလည်း Weir ရဲ့ မိခင်ကြောင့်ဖြစ်တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းတွေက ဆိုပါတယ်။ Weir ရဲ့ ချစ်သူသစ် Vicky ကတော့ တော်ဝင်မျိုးနွယ်ရဲ့ မိသားစုဝင်ဖြစ်ပြီး နိုင်ငံခြားမှာပဲ နေထိုင်လာသူဖြစ်ကာ အလွန်ချမ်းသာကြွယ်ဝသူလို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *