ရင်သွေးလေးကို ဒီနှစ်ထဲမှာပဲ မွေးဖွားနိုင်ချေရှိတဲ့ Son Ye Jin

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် သူမမှာ ပထမဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်းကို ဇွန်လ ၂၇ ရက်နေ့ မနေ့တုန်းက သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် သူမကိုယ်တိုင် အသိပေးကြေညာခဲ့ပါတယ်။
ဒီလိုအသိပေးကြေညာခဲ့တဲ့ပို့စ်မှာဆိုရင် သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရှိထားခဲ့ပေမယ့်လည်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဖြစ်နေခဲ့ရသလို သတိလည်းကောင်းစွာထားနေခဲ့ရတာကြောင့် တခြားသူတွေကို အသိမပေးဖြစ်ခဲ့ကြောင်း၊ ဒီလိုမျိုးသတင်းကောင်းကို စောင့်မျှော်နေခဲ့ကြတဲ့ ပရိသတ်တွေကို အသိပေးရတဲ့အချိန်က အလွန်နောက်ကျနေကြောင်းဆိုကာ ရေးသားထားခဲ့တာဖြစ်ပါတယ်။
ဒီလိုအသိပေးကြေညာခဲ့ပြီးချိန်မှာတော့ Son Ye Jin ရဲ့အသိမိတ်ဆွေတွေနဲ့ များပြားလွန်းလှတဲ့ ပရိသတ်တွေဟာ သူမကို ဂုဏ်ပြုအားပေးစကားပြောခဲ့ကြပြီး အဲဒီလိုအားပေးခဲ့ကြတဲ့သူတွေထဲမှာတော့ သူမရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ အဆိုတော် မင်းသမီး Lee Jung Hyun ကလည်း အပါအဝင်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
Lee Jung Hyun ဟာဆိုရင် သူမရဲ့သမီးလေးကို ဧပြီလမှာမွေးဖွားခဲ့သူဖြစ်ပြီး Son Ye Jin ရဲ့ ပို့စ်အောက်မှာတော့ “ဂုဏ်ယူပါတယ် … Ye Jin ရေ …. ငါတို့ရဲ့ Chook Bok လိုမျိုးပဲ နောက်ထပ်သူငယ်ချင်းတစ်ယောက်က ဒီကျားနှစ်ထဲမှာ မွေးလာတော့မှာပေါ့” လို့ဆိုကာ ရေးသားခဲ့တာဖြစ်ပါတယ်။
Chook Bok ဆိုတာကတော့ Lee Jung Hyun သမီးလေးရဲ့ ချစ်ဇနီးနာမည်ဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်ကလည်း ကျားနှစ်ဖြစ်တာကြောင့် ပရိသတ်တွေက Son Ye Jin ရဲ့ ရင်သွေးလေးဟာ ဒီနှစ်အတွင်းမှာပဲ မွေးဖွားလာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။
Son Ye Jin ရဲ့ အေဂျင်စီဖြစ်တဲ့ MSteam Entertainment ကတော့ မွေးဖွားမယ့်ရက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာတုံ့ပြန်ပေးထားခြင်းမရှိပေမယ့် လက်ရှိအချိန်မှာတော့ Son Ye Jin ရဲ့ ကိုယ်ဝန်ဟာ လနုသေးတဲ့အဆင့်သာရှိသေးတယ်လို့ ထုတ်ပြန်ပေးထားပါတယ်။
Son Ye Jin ဟာ ခင်ပွန်းဖြစ်သူ မင်းသား Hyun Bin နဲ့ အခု ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တရားဝင်လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး ပျားရည်စမ်းခရီးကိုတော့ အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
Ref : SBS Star
Nemo
ရင်သွေးလေးကို ဒီနှစ်ထဲမှာပဲ မွေးဖွားနိုင်ချေရှိတဲ့ Son Ye Jin
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် သူမမှာ ပထမဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်းကို ဇွန်လ ၂၇ ရက်နေ့ မနေ့တုန်းက သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် သူမကိုယ်တိုင် အသိပေးကြေညာခဲ့ပါတယ်။
ဒီလိုအသိပေးကြေညာခဲ့တဲ့ပို့စ်မှာဆိုရင် သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိရှိထားခဲ့ပေမယ့်လည်း ကိုယ့်ကိုယ်ကို မယုံကြည်နိုင်ဖြစ်နေခဲ့ရသလို သတိလည်းကောင်းစွာထားနေခဲ့ရတာကြောင့် တခြားသူတွေကို အသိမပေးဖြစ်ခဲ့ကြောင်း၊ ဒီလိုမျိုးသတင်းကောင်းကို စောင့်မျှော်နေခဲ့ကြတဲ့ ပရိသတ်တွေကို အသိပေးရတဲ့အချိန်က အလွန်နောက်ကျနေကြောင်းဆိုကာ ရေးသားထားခဲ့တာဖြစ်ပါတယ်။
ဒီလိုအသိပေးကြေညာခဲ့ပြီးချိန်မှာတော့ Son Ye Jin ရဲ့အသိမိတ်ဆွေတွေနဲ့ များပြားလွန်းလှတဲ့ ပရိသတ်တွေဟာ သူမကို ဂုဏ်ပြုအားပေးစကားပြောခဲ့ကြပြီး အဲဒီလိုအားပေးခဲ့ကြတဲ့သူတွေထဲမှာတော့ သူမရဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ အဆိုတော် မင်းသမီး Lee Jung Hyun ကလည်း အပါအဝင်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။
Lee Jung Hyun ဟာဆိုရင် သူမရဲ့သမီးလေးကို ဧပြီလမှာမွေးဖွားခဲ့သူဖြစ်ပြီး Son Ye Jin ရဲ့ ပို့စ်အောက်မှာတော့ “ဂုဏ်ယူပါတယ် … Ye Jin ရေ …. ငါတို့ရဲ့ Chook Bok လိုမျိုးပဲ နောက်ထပ်သူငယ်ချင်းတစ်ယောက်က ဒီကျားနှစ်ထဲမှာ မွေးလာတော့မှာပေါ့” လို့ဆိုကာ ရေးသားခဲ့တာဖြစ်ပါတယ်။
Chook Bok ဆိုတာကတော့ Lee Jung Hyun သမီးလေးရဲ့ ချစ်ဇနီးနာမည်ဖြစ်ပြီး အခု ၂၀၂၂ ခုနှစ်ကလည်း ကျားနှစ်ဖြစ်တာကြောင့် ပရိသတ်တွေက Son Ye Jin ရဲ့ ရင်သွေးလေးဟာ ဒီနှစ်အတွင်းမှာပဲ မွေးဖွားလာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်