“World Expo 2030” ကို ပရိုမိုးရှင်းလုပ်ဖို့အတွက် ဘူဆန်မှာ Global Concert ကျင်းပဖို့ရှိတဲ့ BTS

ကမ္ဘာကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာဆိုရင် ဘူဆန်မြို့မှာကျင်းပဖို့ရှိတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲ (World Expo 2030) အတွက် အရောင်းမြှင့်တင်ရေးသံတမန်တွေအဖြစ် ရွေးချယ်ခံထားရပြီး အဆိုပါပွဲကို ပရိုမိုးရှင်းပြုလုပ်ဖို့အတွက်လည်း Global Concert တစ်ခုကို ဘူဆန်မြို့မှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

BTS ရဲ့စီမံခန့်ခွဲမှုအေဂျင်စီဖြစ်တဲ့ HYBE ဟာဆိုရင် ၂၀၃၀ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲကို လက်ခံကျင်းပပြီး မြို့တော်ရဲ့ပရိုမိုးရှင်းလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဇွန်လ ၂၄ ရက်နေ့တုန်းက ဘူဆန်မြို့တော်အစိုးရနဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယင်းစာချွန်လွှာအရဆိုရင် BTS အဖွဲ့ဝင်တွေဟာ ပွဲရဲ့အရောင်းမြှင့်တင်ရေးသံတမန်တွေအဖြစ် ဆောင်ရွက်သွားရမှာဖြစ်ပြီး ဘူဆန်မြို့သူမြို့သားတွေရဲ့ လိုလားတောင့်တမှုတွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ Global Concert တစ်ခုကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် BTS အဖွဲ့ဝင်တွေဟာ အဆိုပါကမ္ဘာ့ကုန်စည်ပြပွဲကျင်းပနေစဉ်ကာလအတွင်း ပွဲကိုတက်ရောက်ကြမယ့် နိုင်ငံအသီးသီးမှ အစိုးရပိုင်းဆိုင်ရာ အရာရှိတွေအတွက် လမ်းညွှန်ပြသမှုတွေ ပြုလုပ်ပေးသွားရမှာဖြစ်ပြီး နောက်ဆုံးအစည်းအဝေးပွဲကိုလည်း ပါဝင်တက်ရောက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

HYBE ရဲ့တည်ထောင်သူဖြစ်တဲ့ Bang Si Hyuk ကတော့ ဘူဆန်မှာကျင်းပမယ့် ကမ္ဘာ့ကုန်စည်ပြပွဲဟာ သူတို့နိုင်ငံအတွက် အရေးကြီးတဲ့ပရောဂျက်တစ်ခု ဖြစ်တယ်ဆိုတာကို ကောင်းစွာသိရှိကြောင်း၊ BTS နဲ့အတူ ပွဲကိုအကောင်းဆုံးတင်ဆက်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။

Global Concert ကျင်းပမယ့်ရက်အတိအကျကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့်လည်း ဘူဆန်မြို့မှာရှိနေတဲ့ ပေါ့ပ်ယဉ်ကျေးမှုဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် HYBE နဲ့ မြို့တော်အစိုးရတို့ကတော့ သဘောတူညီထားခဲ့ကြပြီးပြီဖြစ်ပါတယ်။

ကမ္ဘာ့ကုန်စည်ပြပွဲဟာဆိုရင် အကြီးဆုံးသောနိုင်ငံတကာအခမ်းအနားတွေထဲကတစ်ခုဖြစ်ပြီး ဘူဆန်မြို့ကတော့ အဆိုပါကုန်စည်ပြပွဲကို လက်ခံကျင်းပဖို့အတွက် အီတလီနိုင်ငံမှ ရောမမြို့နဲ့ ဆော်ဒီအာရေဗျမှ ရိယာဒ်မြို့တို့နဲ့ ပြိုင်ဆိုင်နေလျက်ရှိကာ အနိုင်ရရှိမယ့်မြို့ကိုတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကြေညာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published.