အလုပ်လုပ်ခဲ့ဖူးသမျှမှာ အပြီးပြည့်စုံဆုံး အဆိုတော်ဖြစ်တယ်လို့ Jungkook ကို ချီးမွမ်းသွားခဲ့တဲ့ Charlie Puth

အလုပ်လုပ်ခဲ့ဖူးသမျှမှာ အပြီးပြည့်စုံဆုံး အဆိုတော်ဖြစ်တယ်လို့ Jungkook ကို ချီးမွမ်းသွားခဲ့တဲ့ Charlie Puth

Charlie Puth က BTS အဖွဲ့ဝင် Jungkook နဲ့ သူ့တို့ရဲ့ “Left and Right” သီချင်းလေးရဲ့ နောက်ကွယ်က အကြောင်းတွေကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ‘Audacy’ US ရေဒီယို ပလပ်ဖောင်းမှတဆင့် Charlie Puth ဟာ BTS အဖွဲ့ဝင် Jungkook ရဲ့ အပြစ်အနာအဆာကင်းသော အသံအကြောင်းကို အင်တာဗျူးမှာ ထည့်သွင်း ပြောကြားသွားခဲ့တာပါ။

Charlie Puth က “ကျွန်တော့်မှာ ဒီအကြံဥာဏ်ရှိတယ်လို့ သူ့ဆီ စာရေးခဲ့ပြီး မင်းက ဒီအကြံဥာဏ်တွေကို တကယ်ကို ဆွဲထုတ်နိုင်တဲ့သူပဲလို့ ကျွန်တော် ထင်တယ်” လို့ Jungkook ထံ ပထမဆုံး မက်ဆေ့ချ်ပို့ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ မေတ္တာရပ်ခဲ့ပါတယ်။

Charlie Puth က ဒီသီချင်းကို ပို့ပြီးချိန်မှာ Jungkook က လက်ခံလိုက်ပြီး “ကျွန်တော် လေ့ကျင့်ဖို့ သွားတော့မယ်” လို့ ပြေကြားရင်း “Jungkook က တစ်ပတ်လောက်အကြာမှာ အသံသွင်းပြီး ငါ့ဆီ ပြန်ပို့ပေးခဲ့တယ်။”

Charlie Puth က Jungkook ရဲ့ အသံကို ကြားလိုက်တဲ့အခါမှာ “ဒါဟာ အံ့သြစရာကောင်းလောက်အောင် ပြီးပြည့်စုံတဲ့အသံပဲ” အံ့သြတကြီးနဲ့ သူ့ကို ချီးမွမ်းမိသွားတယ်။

Charlie Puth က “ဒါက တကယ်ကို အထင်ကြီးပြီး ကျွန်တော့်ကို အရမ်းစိတ်လှုပ်ရှားစေပါတယ်” လို့ ပြောကြားပေမဲ့ သူက လွယ်လွယ်နဲ့ အထင်ကြီးမခံတဲ့အပြင် Jungkook ရဲ့ ပရော်ဖက်ရှင်နယ် စိတ်အားထက်သန်မှုနဲ့ ရိုးသားမှုတွေကိုလည်း သဘောကျမိတယ်လို့ ဆိုပါတယ်။

Perfect Pitch နဲ့ မွေးဖွားလာသူလို့ သတ်မှတ်ခံထားရတဲ့ Charlie Puth က ‘မင်းနဲ့ Jungkook ဘယ်လိုသိလာတာလဲ၊ musical chemistry ကရော ဘယ်လိုလဲ’ ဆိုတဲ့မေးခွန်းအတွက် အမေရိကန်ရေဒီယို ‘KISS 108FM’ မှာ အခုလိုပြောခဲ့ပါတယ်။

“Jungkook ကလည်း perfect pitch ရှိတာကြောင့် သီချင်းတွဲဆိုတဲ့အခါ မှာ အများကြီး ညှိယူနေရဖို့ မလိုပါဘူး။ သူက အရမ်းတော်တဲ့လူပါ။ ကျွန်တော် သေချာပါတယ်။ Jungkook က တွဲပြီးအလုပ်လုပ်ဖူးခဲ့သမျှမှာ အပြီးပြည့်စုံဆုံး အဆိုတော်တစ်ယောက်ပါပဲ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်နော်။

Leave a Reply

Your email address will not be published.