နာမည်ကျော်စိတ်ကျန်းမာရေးပညာရှင်တစ်ဦးနဲ့ ချစ်သူတွေဖြစ်နေကြောင်းကို အတည်ပြုပေးလာတဲ့ EXID အဖွဲ့ဝင် Hani

နာမည်ကြီးအမျိုးသမီး Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXID ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Hani ဟာဆိုရင် နာမည်ကျော်လူသိများတဲ့ စိတ်ကျန်းမာရေးပညာရှင် Yang Jae Woong နဲ့ ချစ်ကြိုက်နေကြောင်းကို ဇွန်လ ၂၉ ရက်နေ့ ဒီနေ့မှာ တရားဝင်အသိပေးကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းကို Hani ရဲ့အေဂျင်စီဖြစ်တဲ့ Sublime ကနေအတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး ယင်းအတည်ပြုကြေညာချက်အရတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ်ကိုရောက်ရှိနေခဲ့တာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Yang Jae Woong ဟာဆိုရင် ၁၉၈၂ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး Hani ထက် အသက် ၁၀ နှစ်မျှကြီးသူဖြစ်ကာ တီဗွီအစီအစဉ်တွေမှာ မကြာခဏဆိုသလိုပါဝင်လေ့ရှိတဲ့ နာမည်ကျော်စိတ်ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်ပါတယ်။

Hani ကတော့ EXID အဖွဲ့နဲ့အတူ ၂၀၁၁ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ “You Raise Me Up” နဲ့ “XX” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတာဖြစ်ပါတယ်။

Ref : Soompi
Nemo

Leave a Reply

Your email address will not be published.