ကောင်ချောလေးအဖြစ် ကြီးပြင်းလာခဲ့တဲ့ Jackie Chan ရဲ့ “Rob-B-Hood” ရုပ်ရှင်ထဲက ကလေးလေး
ကောင်ချောလေးအဖြစ် ကြီးပြင်းလာခဲ့တဲ့ Jackie Chan ရဲ့ “Rob-B-Hood” ရုပ်ရှင်ထဲက ကလေးလေး
ကမ္ဘာကျော် မင်းသားကြီး Jackie Chan ရဲ့ ၂၀၀၆ ခုနှစ်ထွက် ဇာတ်ကား “Rob-B-Hood” ဟာ နာမည်ကျော် အက်ရှင်မင်းသား Samaritan Louis Koo ပါ Jackie Chan နဲ့ ပါဝင် သရုပ်ဆောင်ထားခဲ့ပေမဲ့။
ဒါပေမယ့် အဲဒီတုန်းက ၇ လ အရွယ်သာ ရှိသေးတဲ့ သူတို့ ထိန်းကျောင်းခဲ့ရသူ ကလေးသရုပ်ဆောင်လေး Matthew Medvedev ဟာ ဒီဇာတ်ကားကို ပိုပြီး ရေပန်းစားစေခဲ့တာပါ။
တရုတ်ဖခင်နဲ့ ကိုလံဘီယာမိခင်တို့မှ မွေးဖွားလာသူ ဖြစ်တာကြောင့် ချစ်စဖွယ်ကောင်းလှတဲ့ ကပြားကလေးပေါက်စလေးဟာ ကမ္ဘာတစ်ဝှမ်းမှ ဇာတ်ကားကြည့်ရှုသူတွေရဲ့ နှလုံးသားများကို အရည်ပျော်စေခဲ့ရုံသာမက ပရိသတ်များထဲမှာလည်း ဒီကလေးလေးကို ကြယ်ပွင့်အဖြစ် ကြီးပြင်းလာတာကို တွေ့မြင်ချင်လို့ စောင့်မျှော်နေကြသူတွေလည်း ရှိလို့နေခဲ့တာပါ။
ဒီရုပ်ရှင်အပြီးမှာတော့ Matthew ရဲ့ ဖခင်က သူ့သားငယ်လေးဟာ ဒီလိုဇာတ်ကားတွေမှာ ထပ်ပြီးပါဝင်ဖို့အတွက် ငယ်လွန်းတယ်လို့ဆိုကာ ကမ်းလှမ်းချက်တွေကို ငြင်းပယ်သွားခဲ့ပြီး ပရိသတ်တွေမြင်ကွင်းမှ Matthew လေးဟာလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။
သို့ပေမဲ့လည်း အင်တာနက်အသုံးပြုသူများဟာ မကြာသေးမီကပဲ Matthew မိခင်ရဲ့ လူမှုကွန်ယက် အကောင့်များကို ရှာဖွေတွေ့ရှိခဲ့ပြီး ချစ်စရာ ကလေးငယ်လေးဟာလည်း ချောမောတဲ့ ကောင်လေးတစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ကြောင်း တွေ့ရှိခဲ့ရပါတော့တယ်။
အခုဆိုရင်တော့ Matthew ဟာ ၁၅ နှစ် အရွယ် အလယ်တန်းကျောင်းသားလေး ဖြစ်လို့နေပါပြီနော်။