Yoona နဲ့ တွဲဖက်သရုပ်ဆောင်မယ့် “King the Land” ကို လက်ခံရိုက်ကူးဖြစ်ရတဲ့ Lee Jun Ho ရဲ့ အကြောင်းအရင်း

အဆိုတော် Idol အဖြစ်စတင်ပွဲထွက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ သရုပ်ဆောင်မင်းသားတစ်လက်အဖြစ်နဲ့ ရပ်တည်နေလျက်ရှိတဲ့ 2PM အဖွဲ့ဝင် Lee Jun Ho ဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ သူ့ရဲ့ဇာတ်ကားအသစ်ဖြစ်တဲ့ “King the Land” ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
“King the Land” ဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်အချစ်ဟာသဇာတ်လမ်းမျိုးဖြစ်ပြီး Junho က သူ့အနေနဲ့ “The Red Sleeve” ရိုက်ကူးပြီးနောက်မှာ ဒီလိုပေါ့ပေါ့ပါးပါး အချစ်ဟာသကားကို ဘယ်လိုအကြောင်းအရင်းကြောင့် လက်ခံရိုက်ကူးဖြစ်သလဲဆိုတာနဲ့ပတ်သက်ပြီး JTBC နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
အဲဒါကတော့ ဇာတ်ကားတစ်ကားရိုက်ကူးပြီးနောက်မှာ နောက်ထပ်တစ်ကားကို လက်ခံရိုက်ကူးဖို့အတွက် အနားယူရတာက အချိန်ကြာမြင့်တာကြောင့် သူ့ကိုကမ်းလှမ်းထားတဲ့ ဇာတ်ကားပေါင်းများစွာထဲကမှ Yoona နဲ့အတူသရုပ်ဆောင်ရမယ့် အခုလိုမျိုး ပေါ့ပေါ့ပါးပါးရှိတဲ့ဇာတ်လမ်းကို ရွေးချယ်ရခြင်းဖြစ်တယ်ဆိုတာပါပဲ။
Lee Junho ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးပြီးနောက်မှာ “The Red Sleeve” ဇာတ်ကားကို ပထမဆုံးရိုက်ကူးခဲ့တာဖြစ်ပြီး အဆိုပါဇာတ်လမ်းတွဲနဲ့ အောင်မြင်လူကြိုက်များမှုတွေ အများအပြားရရှိခဲ့ကာ အနုပညာကြေးမြင့်မားတဲ့မင်းသားတစ်လက်အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။
သူ့အနေနဲ့ အသစ်ရိုက်ကူးမယ့် “King the Land” ဇာတ်လမ်းတွဲကိုတော့ ၂၀၂၃ ခုနှစ်မှာ Netflix ကနေ ပြသသွားမှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Girls’ Generation အဖွဲ့ဝင် Yoona နဲ့အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Ref : KDramaStars
Nemo