တဘတ်တစ်ထည်တည်းနဲ့ဖန်တီးထားတဲ့ “POP!” သီချင်း MV ထဲမှ Nayeon ရဲ့ဝတ်စုံ

နာမည်ကြီးအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ TWICE အဖွဲ့ဝင် Nayeon ဟာဆိုရင် သူမရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်ကို ဇွန်လ ၂၄ ရက်နေ့တုန်းကထွက်ရှိခဲ့တဲ့ ပထမဆုံးမီနီအယ်လ်ဘမ် “IM NAYEON” နဲ့ပြုလုပ်ခဲ့ပါတယ်။

ယင်းအယ်လ်ဘမ်ထဲမှာပါဝင်တဲ့ “POP!” သီချင်းရဲ့ MV မှာတော့ Nayeon ဟာ အရောင်တောက်တဲ့ အဝတ်အစား၊ အပြင်အဆင်တွေကို ဝတ်ဆင်ခြယ်သခဲ့တာဖြစ်ပြီး ဒီလိုဝတ်စုံတွေထဲမှာတော့ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ အဆင်ဒီဇိုင်းတွေအတိုင်း ဖန်တီးထားတဲ့ ပန်းရောင်ကိုယ်ကြပ်ဝတ်စုံလည်းပါဝင်တာကို တွေ့ရပါတယ်။

ဒီဝတ်စုံကို ရုတ်တရက်ကြည့်မယ်ဆိုရင် Louis Vuitton အမှတ်တံဆိပ်ဝတ်စုံတစ်စုံလို့ ထင်မှတ်ကောင်းထင်မှတ်မိကြမှာဆိုပေမယ့် ရှာဖွေလေ့လာကြည့်တဲ့အခါမှာတော့ ယင်းဝတ်စုံဟာ ရိုးရိုးသာမန်ဝတ်စုံမဟုတ်ပဲ ကိုယ်သုတ်ပုဝါ (သို့မဟုတ်) တဘတ်တစ်ထည်ဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

Louis Vuitton ရဲ့ Official Website မှာတော့ ဒီတဘတ်တစ်ထည်ကို ၉၇၅ ဒေါ်လာနဲ့ရောင်းချထားပြီး ပရိသတ်တွေကတော့ တဘတ်တစ်ထည်နဲ့ လှပတဲ့ဝတ်စုံတစ်စုံဖြစ်လာအောင် ဖန်တီးနိုင်တဲ့ Nayeon ရဲ့ Stylist တွေကို ချီးကျူးစကားပြောပေးထားကြတာ တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.