ဒယ်ဂူးမြို့မှာ K-pop Gallery တစ်ခုဖွင့်ဖို့အတွက် အစီအစဉ်ရှိနေတယ်ဆိုတဲ့ BTS အဖွဲ့ဝင် Suga တို့ မိသားစု

လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတဲ့သတင်းတစ်ခုကတော့ နာမည်ကြီးအမျိုးသား Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် Suga ရဲ့ မိသားစုဟာဆိုရင် သူတို့ရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဒယ်ဂူးမြို့မှာ အမှတ်တရအဆောက်အဦးတစ်ခုကို တည်ဆောက်ဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာပါပဲ။

‘ဒီလိုတည်ဆောက်ဖို့အတွက် ပြင်ဆင်ရာမှာ ဥပဒေဆိုင်ရာပြဿနာတွေမရှိခဲ့တာကြောင့် Suga တို့မိသားစုဟာ သူတို့ရည်မှန်းထားတဲ့ အဆောက်အဦးတည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ရရအောင် ကြိုးစားခဲ့ကြပြီး အခုဆိုရင် ယင်းလျှောက်လွှာကို အတည်ပြုပြီးပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ Suga တို့မိသားစုဟာ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက ဒယ်ဂူးမြို့ရှိ ဒုံချွန်ကစားကွင်းပန်းခြံအနီးနားမှာ စားသောက်ဆိုင်အသေးလေးတစ်ဆိုင်နဲ့ လက်ကားဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့အတွက် အဆောက်အဦးတစ်လုံးတည်ဆောက်ဖို့ လျှောက်လွှာတင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူတို့မိသားစုဟာ ပြခန်းတစ်ခုဖွင့်လှစ်ဖို့အတွက်ကိုလည်း စီးပွားရေးလိုင်စင်လျှောက်ထားခဲ့ပြီး အခုဆိုရင် ယင်းလျှောက်လွှာတွေ အားလုံးကို လက်ခံအတည်ပြုပြီးဖြစ်ပါတယ်။ အတွင်းလူတချို့ကတော့ အဆိုပါ ပြခန်းမှာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် K-pop Library တစ်ခုလည်းပါဝင်သွားမှာဖြစ်တယ်လို့ မျှဝေထားကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *