ဖိလစ်ပိုင်လူမျိုးဖြစ်ပေမယ့် K-pop Idol အဖြစ်ပွဲထွက်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းကိုပြောပြလာတဲ့ Chanty

K-pop Idol အဖွဲ့အသစ်တစ်ဖွဲ့ဖြစ်တဲ့ Lapillus မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Chanty ဟာဆိုရင် ဖိလစ်ဖိုင်-အာဂျင်တီးနား ကပြားတစ်ယောက်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီးပြီးသားသူလည်းဖြစ်ပါတယ်။ ဒီလိုနာမည်ရှိပြီးသူတစ်ယောက်အနေနဲ့ K-pop ကြယ်ပွင့်ဖြစ်လာဖို့အတွက် ဘယ်လိုမျိုး အကြောင်းအရင်းတွေကြောင့် ဆုံးဖြတ်ခဲ့ရသလဲဆိုတာကိုတော့ Chanty က သူမတို့အဖွဲ့ရဲ့ ပွဲဦးထွက် Showcase မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

“ကိုရီးယားဒရမ်မာတွေနဲ့ K-pop က ဖိလစ်ပိုင်မှာ အရမ်းနာမည်ကြီးတာလေ … ဒီတော့ ကျွန်မလည်း အလိုလိုနေရင်း ပရိသတ်တစ်ယောက်ဖြစ်လာတော့တာပေါ့ …. နောက်ပြီး K-pop ကြယ်ပွင့်တွေလိုမျိုး ကျွန်မလည်းဖြစ်ချင်တော့ ကိုရီးယားမှာ ပွဲထွက်ဖို့အတွက် အခွင့်အရေးတွေရရှိလာခဲ့ပါတယ်” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။

Chanty က သူမရဲ့ဖခင်ဖြစ်သူဆီမှာ ကိုရီးယားလူမျိုးအသိမိတ်ဆွေရှိတာကြောင့် အဲဒီကနေမှတစ်ဆင့် အဆက်အသွယ်ရရှိခဲ့ပြီး လက်ရှိ သူမရဲ့အေဂျင်စီဖြစ်တဲ့ MLD Entertainment ကို ဝင်ရောက်ဖို့အတွက် လူရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အေဂျင်စီကိုဝင်ရောက်ခွင့်ရပြီးချိန်မှာတော့ ၉ လအကြာမျှ Training ယူခဲ့ရပြီး အဲဒီနောက် အဖွဲ့ဝင် ၆ ယောက်ပါဝင်တဲ့ Lapillus ရဲ့ အဖွဲ့ဝင်အဖြစ် တရားဝင်ပွဲဦးထွက်ခွင့်ရခဲ့ပါတယ်။

Chanty က သူမအနေနဲ့ အကြိုက်ဆုံးကိုရီးယားဒရမ်မာကတော့ “Guardian : the Lonely and Great God” ဖြစ်တယ်လို့သိရပြီး အကြိုက်ဆုံးသရုပ်ဆောင် မင်းသားကတော့ အဆိုပါဇာတ်လမ်းတွဲထဲမှ Gong Yoo ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : SBS Star
Nemo

Leave a Reply

Your email address will not be published. Required fields are marked *