ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ “Money Heist: Korea – Joint Economic Area”

ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ “Money Heist: Korea – Joint Economic Area”

လတ်တလောမှာတော့ “Money Heist” ကို ကိုရီးယား version ပြန်လည်ရိုက်ကူးထားတဲ့ drama လေးကတော့ မူလ “Money Heist” ကို အဆင့်နှိမ့်ချထားတဲ့ drama ဆိုပြီး ကျွမ်းကျင်သူနဲ့ netizens တွေကတော့ အခုလိုပဲ မှတ်ချက်ပေးထားခဲ့ကြပါတယ်။

မကောင်းသောအစ

အစကတည်းက အရာရာဟာ ဆိုးရွားခဲ့ပါတယ်။ “Money Heist” ရဲ့ ကိုရီးယားဗားရှင်းဟာ Tokyo ဇာတ်ကြောင်းနဲ့ ဇာတ်လမ်းကို အစပြုခဲ့တယ်။ ဒါပေမယ့် Jeon Jong-seo ရဲ့ ပေါ့ပါးပြီး ရိုင်းစိုင်းတဲ့ အသံက သူမရဲ့ ကာရိုက်တာနဲ့ လုံးဝ မလိုက်ဖက်သလို BTS ရဲ့ “DNA” အကကို သရုပ်ပြနေတာကလည်း “Money Heist” ရဲ့ အစပိုင်းကို SNL (Saturday Night Live) ပြဇာတ်ဆန်သွားစေခဲ့တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

အဆင်မပြေသော သရုပ်ဆောင်မှု

မူရင်း drama က Tokyo ဇာတ်ကောင်က အရမ်းမိုက်တာပါ။ သူမဟာ စိတ်ပိုင်းဆိုင်ရာ ရဲရင့်ပြီး ယုံကြည်မှုရှိသူလည်းဖြစ်တယ်။ သူမရဲ့ မမျှော်လင့်ထားသော ဆွဲဆောင်မှုတွေကြောင့် ဇာတ်လမ်းရဲ့ တင်းမာမှုအချို့ကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

သို့သော် အဲ့လိုအမိုက်စား ဇာတ်ကောင်ဟာ K-drama version မှာတော့ အတော်လေး ကြည့်ရဆိုးသွားပါတယ်။ ကိုရီးယား ‘Tokyo’ (Jeon Jong-seo ရဲ့ သရုပ်ဆောင်) မှုတွေဟာ လုံးဝ ဆွဲဆောင်မှု မရှိပါ။

‘Tokyo’ ဇာတ်ကောင် Jeon Jong-seo သာမက Denver အဖြစ်သရုပ်ဆောင်ထားတဲ့ Kim Ji-hoon ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပေမဲ့ Money Heist မှာတော့ သူ့ရဲ့သရုပ်ဆောင်မှုတွေက အဆင်မပြေနေပါဘူး။

မူရင်း ‘Denver’ ကို အတုယူရန် အလျင်လိုနေပုံရပြီး သူ့ရဲ့ ဒေသိယစကားဟာလည်း ကြောင်တောင်တောင်နိုင်သလို သူ့ရယ်သံက လွန်ကဲလွန်းနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

Rio အဖြစ် Lee Hyun-woo ရဲ့ သရုပ်ဆောင်ထားမှုကလည်း စာနာချင်ဖွယ်ရာ မရှိပါဘူး။ Tokyo နဲ့ အချစ်ဇာတ်လမ်းကို ဖျက်ထားခဲ့တာကလည်း ဇာတ်ကောင်ကို အားနည်းသွားစေခဲ့ပါတယ်။

Jang Yoon-joo ကလည်း “Money Heist” korea version ကို ဆိုးရွားစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ မူရင်း Nairobi က ချစ်စရာကောင်းပြီး ခေါင်းအေးတဲ့ ဇာတ်ကောင်မျိုးပါ။ ကိုရီးယားဗားရှင်းမှာတော့ Jang Yoon-joo က ကြောင်တောင်တောင် ဖြစ်နေပြီး “ဘာဖြစ်နေတာလဲ” လို့ သာ တစ်ချိန်လုံး အော်နေရပါတော့တယ်။

အဆိုးဆုံးကတော့ ဇာတ်ကြောင်းမရှိခြင်းပါပဲ

မူလ စပိန်လက်ရာမှာ Mint ဓားပြမှုမဖြစ်ပွားမီ ငါးလအလိုက ပြင်ဆင်မှုကို သိမ်မွေ့စွာ ပုံဖော်ထားပါတယ်။ လုယက်မှုဖြစ်စဉ်နဲ့ ရာဇ၀တ်မှုဆိုင်ရာ ဖြစ်စဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြထားခဲ့သလို အသင်းဝင်များကြားမှာလည်း ခင်မင်ရင်းနှီးမှု၊ ချစ်ခြင်းမေတ္တာနဲ့ ပဋိပက္ခများကို ပေါ်လွင်အောင် ရိုက်ကူးထားနိုင်ခဲ့တယ်။

K “Money Heist” ကတော့ မူရင်းကို အတုယူရန်သာ ကြိုးစားနေခဲ့ပြီး မြောက်နှင့် တောင်ကိုရီးယားတို့ ပြန်လည်ပေါင်းစည်းရေး မတိုင်မီကာလရဲ့ နောက်ခံဟာ အသစ်အဆန်းအဖြစ် ပေါ်လွင်ခဲ့သော်လည်း ပြဿနာကတော့ ဓားပြတွေရဲ့ ရည်ရွယ်ချက်တွေကို ဒရာမာမှာ ရှာမတွေ့နိုင်ခြင်းကြောင့်ပါပဲ။

အခြေခံလူတန်းစားတွေရဲ့ ဆင်းရဲဒုက္ခနဲ့ ကိုရီးယားမှာ ချမ်းသာကြွယ်ဝသူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေရဲ့ တိကျတဲ့ ဖော်ပြချက်ဟာ နက်နက်ရှိုင်းရှိုင်း မရှိပါဘူး။ ထို့ကြောင့် ဇာတ်ကြောင်းကို အတိုချုံးပြီး ပါဝင်တဲ့ အကြောင်းအရာများကိုလည်း လျှော့ချခဲ့တာက ဒီလို ဆိုးရွားတဲ့ ရလဒ်တွေကို ဦးတည်စေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်သွားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published.