ထွက်ရှိလာမယ့် အယ်လ်ဘမ်သစ်အတွက် အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတဲ့ BLACKPINK အဖွဲ့ဝင် Rosé

နာမည်ကြီးထိပ်တန်းအမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Rosé ဟာဆိုရင် ဒီလအစောပိုင်းလောက်တုန်းက Tiffany & Co. ရဲ့ အခမ်းအနားတစ်ခုကိုတက်ရောက်ဖို့အတွက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုသွားရောက်ခဲ့ပြီး အဆိုပါပွဲရဲ့ အင်တာဗျူးမှာတော့ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှု အခြေအနေတွေနဲ့ပတ်သက်လို့ အသိပေးဖွင့်ဟသွားခဲ့ပါတယ်။

အဲဒီလိုအသိပေးသွားခဲ့တဲ့အထဲမှာ BLACKPINK အဖွဲ့ရဲ့ အသစ်ထွက်ရှိလာမယ့် အယ်လ်ဘမ်အကြောင်းလည်းပါဝင်ခဲ့ပြီး ယင်းအင်တာဗျူးအရဆိုရင် လက်ရှိအချိန်မှာ BLACKPINK အဖွဲ့ဝင်တွေအကုန်လုံးက အသစ်ထွက်လာမယ့် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမတို့အဖွဲ့အနေနဲ့ အယ်လ်ဘမ်အသစ်မထွက်ရှိတာကကြာမြင့်နေပြီဖြစ်တာကြောင့် အဖွဲ့ဝင်တွေအကုန်လုံးဟာ သိပ်မကြာခင်အချိန်အတွင်း ထွက်ရှိလာတော့မယ့် ဒီအယ်လ်ဘမ်အတွက် အလွန်စိတ်လှုပ်ရှားနေလျက်ရှိကြောင်း၊ ပရိသတ်တွေကို စိတ်မပျက်စေချင်တာကြောင့် အားသွန်ခွန်စိုက်ကြိုးစားထားကြကြောင်းနဲ့ သူမအနေနဲ့လည်း ဒီလိုများပြားလှတဲ့အလုပ်တွေကြောင့် အတော်လေးအလုပ်များနေကြောင်းကို ပြောပြသွားခဲ့တာတွေ့ရပါတယ်။

BLACKPINK အဖွဲ့ဟာဆိုရင် ၂၀၁၆ ခုနှစ်က စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ K-pop လောကရဲ့ ထိပ်တန်း Idol အဖွဲ့ရပ်တည်နေလျက်ရှိကာ အဖွဲ့ဝင်တစ်ဦးချင်းကလည်း ကမ္ဘာကျော်တန်ဖိုးကြီးအမှတ်တံဆိပ်တွေရဲ့ သံတမန်တွေအဖြစ် ခန့်အပ်ခြင်းကို ခံထားရသူတွေဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x