မည်သည့်သီချင်းမှမထွက်ရှိထားတာတောင် ပုံမှန်ဝင်ငွေ ဝမ် ၆၂ ဘီလီယံကျော်ရှိနေတဲ့ BTS

ကမ္ဘာကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာဆိုရင် မည်သည့်သီချင်းအသစ်မှမထွက်ရှိဘဲ ဒီအတိုင်းထိုင်နေတဲ့အချိန်တွေမှာတောင် ဝင်ငွေတွေအမြောက်အများရရှိနေတဲ့သူတွေဖြစ်ပါတယ်။ ဒီအကြောင်းကို ဇွန်လ ၂၉ ရက်နေ့ မနေ့တုန်းကပြသခဲ့တဲ့ ‘TMI News Show’ အစီအစဉ်ကနေတစ်ဆင့် သိရှိနိုင်ပါတယ်။

အဆိုပါအစီအစဉ်မှာဆိုရင် တစ်ချိန်တုန်းက အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာ အောင်မြင်နေကြတဲ့ K-pop Idol တွေရဲ့စာရင်းကိုချပြခဲ့ပြီး အဲဒီစာရင်းထဲမှာ BTS အဖွဲ့ဝင် Suga က နံပါတ် ၁ နေရာကနေ ပါဝင်နေတာကို တွေ့ရပါတယ်။

Suga အနေနဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရစဉ်တုန်းက သုံးရက်တာအတွင်း သူရရှိခဲ့တဲ့ဝင်ငွေဟာ ဝမ် ၂၁၉၀၀၀ သာရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူ့ရဲ့ဝင်ငွေပမာဏက ဘီလီယံချီရှိနေပြီဖြစ်ပါတယ်။

‘TMI News Show’ ရဲ့ဖော်ပြချက်မှာတော့ BTS ရရှိတဲ့ ကြော်ငြာခဟာ တစ်နှစ်မှာ ဝမ် ၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၈၅ မီလီယံ) ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလိုကြော်ငြာတွေကနေရရှိလာတဲ့ ဝင်ငွေတည်းနဲ့တင် တစ်နှစ်မှာ ဝမ် ၆၂ ဘီလီယံ (ကန်ဒေါ်လာ ၄၇.၇ မီလီယံ) ရှိနေပြီး အဖွဲ့ဝင်တစ်ယောက်ချင်းဆီရဲ့ လက်ရှိဝင်ငွေဟာဆိုရင်တော့ ခန့်မှန်းချေ ဝမ် ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၃၈၆.၀၄ မီလီယံ) ရှိတယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

မည်သည့်သီချင်းမှမထွက်ရှိထားတာတောင် ပုံမှန်ဝင်ငွေ ဝမ် ၆၂ ဘီလီယံကျော်ရှိနေတဲ့ BTS

ကမ္ဘာကျော် K-pop Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာဆိုရင် မည်သည့်သီချင်းအသစ်မှမထွက်ရှိဘဲ ဒီအတိုင်းထိုင်နေတဲ့အချိန်တွေမှာတောင် ဝင်ငွေတွေအမြောက်အများရရှိနေတဲ့သူတွေဖြစ်ပါတယ်။ ဒီအကြောင်းကို ဇွန်လ ၂၉ ရက်နေ့ မနေ့တုန်းကပြသခဲ့တဲ့ ‘TMI News Show’ အစီအစဉ်ကနေတစ်ဆင့် သိရှိနိုင်ပါတယ်။

အဆိုပါအစီအစဉ်မှာဆိုရင် တစ်ချိန်တုန်းက အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာ အောင်မြင်နေကြတဲ့ K-pop Idol တွေရဲ့စာရင်းကိုချပြခဲ့ပြီး အဲဒီစာရင်းထဲမှာ BTS အဖွဲ့ဝင် Suga က နံပါတ် ၁ နေရာကနေ ပါဝင်နေတာကို တွေ့ရပါတယ်။

Suga အနေနဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရစဉ်တုန်းက သုံးရက်တာအတွင်း သူရရှိခဲ့တဲ့ဝင်ငွေဟာ ဝမ် ၂၁၉၀၀၀ သာရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ သူ့ရဲ့ဝင်ငွေပမာဏက ဘီလီယံချီရှိနေပြီဖြစ်ပါတယ်။

‘TMI News Show’ ရဲ့ဖော်ပြချက်မှာတော့ BTS ရရှိတဲ့ ကြော်ငြာခဟာ တစ်နှစ်မှာ ဝမ် ၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၈၅ မီလီယံ) ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုကြော်ငြာတွေကနေရရှိလာတဲ့ ဝင်ငွေတည်းနဲ့တင် တစ်နှစ်မှာ ဝမ် ၆၂ ဘီလီယံ (ကန်ဒေါ်လာ ၄၇.၇ မီလီယံ) ရှိနေပြီး အဖွဲ့ဝင်တစ်ယောက်ချင်းဆီရဲ့ လက်ရှိဝင်ငွေဟာဆိုရင်တော့ ခန့်မှန်းချေ ဝမ် ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၃၈၆.၀၄ မီလီယံ) ရှိတယ်လို့ သိရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.