“The Red Sleeve” နဲ့အောင်မြင်လာပြီးနောက်ပိုင်းမှာ ဇာတ်ကားပေါင်း ၁၀၀ ကျော်ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတယ်ဆိုတဲ့ 2PM အဖွဲ့ဝင် Lee Junho

အဆိုတော် Idol တစ်ယောက်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အောင်မြင်တဲ့သရုပ်ဆောင်တစ်လက်အဖြစ် ရပ်တည်နေလျက်ရှိတဲ့ 2PM အဖွဲ့ဝင် Lee Junho ဟာဆိုရင် “The Red Sleeve” ဇာတ်လမ်းတွဲရိုက်ကူးပြီးနောက်ပိုင်းမှာရရှိလာတဲ့ အောင်မြင်မှုတွေအကြောင်းကို ‘You Quiz on the Block’ အစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

Junho ရဲ့ပြောပြချက်အရတော့ “The Red Sleeve” ရိုက်ကူးပြီးနောက်မှာ သူ့ကိုပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းလာတဲ့ ဇာတ်ကားအရေအတွက်က ခန့်မှန်းချေ ၁၀၀ နီးပါးရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ကမ်းလှမ်းလာတဲ့ဇာတ်ညွှန်းတွေကို အချိန်သေချာပေးကာဖတ်ခဲ့ရပြီး ဒီလိုမျိုးကမ်းလှမ်းပေးကြတဲ့အတွက်လည်း သူ့အနေနဲ့ ကျေးဇူးတင်မိကြောင်းကို ပြောသွားခဲ့တာတွေ့ရပါတယ်။

အဲဒီနောက်မှာတော့ Junho က နာမည်ကြီးခဲ့တဲ့ သူ့ရဲ့ “My House” Fancam အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော့်ရဲ့ Fancam ကို တစ်ခါတစ်လေကြည့်ဖြစ်တယ်ဗျ … Comeback တစ်ခုရှိလာပြီဆိုရင် ကကွက်တွေကို မမေ့အောင် ကျွန်တော့်ရဲ့ Fancam တွေကို ကြည့်လေ့ကြည့်ထရှိပါတယ် … တစ်ခါတုန်းကဆိုရင် အဲဒီ Fancam ရဲ့ Comment အရေအတွက်က ရုတ်တရက်ထိုးတက်သွားခဲ့ဖူးတယ်” လို့ဆိုကာပြောခဲ့ပါသေးတယ်။

နောက်ဆုံးမှာတော့ Junho က “အခုလက်ရှိစိတ်အခြေအနေမျိုးနဲ့ပဲ ရှေ့ဆက်ပြီးသွားချင်ပါတယ် … ယိမ်းယိုင်သွားတာမျိုးလည်း မရှိချင်သလို အတင်းအကြပ်လုပ်ယူရတာမျိုးကိုလည်း မလိုချင်ဘူး … အခုဆို ဒီနယ်ပယ်ထဲမှာ ကျွန်တော်ကျင်လည်လာခဲ့တာ ၁၅ နှစ်ရှိနေပြီဆိုတော့ တိုးတက်လာတယ်လို့ ခံစားရပေမယ့် အရမ်းကြီးလည်းမပျော်ချင်ဘူး…ဝမ်းလည်းမနည်းချင်ဘူး” လို့ဆိုကာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေအကြောင်းကို ဖွင့်ဟပြောခဲ့ပါတယ်။

Junho ဟာ 2PM အဖွဲ့နဲ့အတူ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Girls’ Generation အဖွဲ့ဝင် Yoona နဲ့အတူ “King the Land” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေလျက်ရှိပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.