နဖူးပြောင်လို့ နိုင်ငံအနှံ့မှာ ရေပန်းစားလို့နေခဲ့တဲ့ Yang Mi

နဖူးပြောင်လို့ နိုင်ငံအနှံ့မှာ ရေပန်းစားလို့နေခဲ့တဲ့ Yang Mi

တရုတ်နိုင်ငံရဲ့ ၀င်ငွေအများဆုံး အနုပညာရှင်များထဲမှ တစ်ဦးအဖြစ် လူသိများတဲ့ မင်းသမီးချော Yang Mi ဟာ အသက် ၃၅ နှစ် ရှိပြီဖြစ်ပြီး သူမရဲ့ ပြိုင်စံရှားတဲ့ အလှတရားကြောင့်လည်း အောင်မြင်ကျော်ကြားသူပါ။

မကြာသေးမီကပဲ သူမပါဝင်ထားခဲ့တဲ့ reality show “Divas Hit The Road” ရဲ့ အပိုင်းသစ်မှာ အိပ်ရာမှနိုးလာချင်း မျက်နှာပြောင်ဖြင့် Yang Mi ရဲ့ အလှတရားကို မြင်တွေ့လိုက်ရပေမဲ့လည်း ဦးထုပ်ကို ချွတ်လိုက်တဲ့အခါမှာတော့ ပရိသတ်တွေက Yang Mi ရဲ့ ဆံပင်ကို ပိုပြီး စိတ်ဝင်စားသွားခဲ့ကြပါတော့တယ်။

ဦးထုပ်ချွတ်ခါစ Yang Mi ရဲ့ ပုံရိပ်တွေဟာလည်း အင်တာနက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်သုံးစွဲသူများက မင်းသမီးရဲ့ ဧရာမ နဖူးကြီးကြောင့် ထိတ်လန့်သွားရတယ် ဆိုတဲ့ မှတ်ချက်တွေနဲ့အတူ ပျံ့နှံ့လို့နေခဲ့တာပါ။

Yang Mi ဟာ သူမရဲ့ ဆံပင်ပေါက်တဲ့နေရာကိုက မြင့်မားနေတာကြောင့် ပရိုဂရမ်တွေမှာ ဦးထုပ်တစ်လုံးနဲ့ အမြဲမြင်တွေ့နေရတာဖြစ်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိခဲ့ပါတယ်။

ဦးထုပ်ဆောင်းထားလို့ သူ့ကို ဘယ်သူ က အပြစ်တင်ရက်ပါ့မလဲ။ ဒီလိုမျိုး ထိပ်ပြောင်နေတာကြောင့်လည်း Yang Mi ဟာ ခေါင်းကြီးပိုင်းတွေမှာ အခုလို ရေပန်းစားနေခဲ့တာဟာလည်း ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

တရုတ်မီဒီယာများရဲ့ ဖော်ပြချက်အရ “Yang Mi ရဲ့ နဖူး” ဆိုတဲ့ စကားစုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Weibo ရဲ့ ထိပ်တန်းရှာဖွေမှုတစ်ခုအဖြစ်နဲ့ကို ရေပန်းစားခဲ့ဖူးတယ်လို့ သိရပါတယ်။

မင်းသမီးကလည်း သူ့ရဲ့နဖူးအကျယ်နဲ့ ပတ်သက်တဲ့ အဆုံးမသတ်တဲ့ ပြောဆိုဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီးလည်း လူမှုကွန်ရက်မှာတောင် ဝေမျှခဲ့ပါတယ်။

“ကျွန်မက ဝေဖန်တာကို မခံနိုင်တဲ့သူပါ။ ဒီနဖူးကို ဝေဖန်တာများလာရင် ဆံပင် အစားထိုး ကုသပစ်မယ်” လို့ အရွှန်းဖောက်ခဲ့ဖူးခဲ့ပါတယ်။

နဖူးပြောင်တယ်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆံပင်ပုံသဏ္ဍာန်အကြောင်း ပြောတဲ့အခါ အင်တာနက်သုံးစွဲသူ တော်တော်များများက သူမရဲ့ အေးစက်တဲ့ အမူအရာတွေနဲ့ တုန့်ပြန်ချက်တွေကို သဘောကျကြနေကြပေမဲ့ နဖူးပြောင်တာမျိုးက ပြစ်ချက်ကြီး မဟုတ်လှတာကြောင့် အလှလေးကိုလည်း အရမ်းပြောတာမျိုးတွေ ရပ်သင့်ပြီထင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *