လက်ရှိမှာ ဝိုင်စီးပွားရေးလုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေခဲ့တဲ့ T.O.P
လက်ရှိမှာ ဝိုင်စီးပွားရေးလုပ်ငန်းကို ကြိုးစားလုပ်ကိုင်နေခဲ့တဲ့ T.O.P
T.O.P က လတ်တလောမှာ သူ့ရဲ့ ဝိုင်လုပ်ငန်း လက်ရှိအခြေအနေကို ပြောပြသွားခဲ့ပါတယ်။ ဒီနေ့မှာပဲ BIGBANG အဖွဲ့ဝင် T.O.P ဟာ Instagram မှာ သူ့ရဲ့ လတ်တလော လုပ်ရှားမှုတစ်ခု ကို ဓာတ်ပုံလေးတစ်ပုံနဲ့ ပြသသွားခဲ့ပါတယ်။
ဓာတ်ပုံထဲမှာတော့ T.O.P က သူထုတ်လုပ်ထားတဲ့ ဝိုင်တံဆိပ်ကို ကိုင်ထားပြီး အရင်ကလည်း T.O.P ဟာ သူရဲ့ ဝိုင်ကို မိတ်ဆက်ပေးဖူးခဲ့ပြီး “ကျွန်တော့်ရဲ့ ဝိုင်အပေါ် ရူးသွပ်မှုကို တတ်နိုင်သမျှ လူအများနဲ့ ဝေမျှချင်ပါတယ်” လို့ ဆိုထားခဲ့တာပါ။
T.O.P ဟာ မကြာသေးမီကပဲ YG Entertainment နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး agency မှနေ ထွက်ခွာထားခဲ့သလို ကိုယ်ပိုင် ပရောဂျက်တစ်ခု စတင်လုပ်ဆောင်ကာ အနုပညာရှင်-စီးပွားရေးသမားအဖြစ် ဆက်လက် ရပ်တည်သွားမှာဖြစ်ကြောင်း ကြေညာထားခဲ့တာပါ။
တစ်ချိန်တည်းမှာပဲ BIGBANG ကလည်း သူတို့ရဲ့ ၄ နှစ်အကြာမှမှ ပထမဆုံးအနေဖြင့် သီချင်းသစ် “Still Life” လေးနဲ့ မေလထဲမှာ ပထမဆုံးအကြိမ် ပြန်လည် comeback လို့လာခဲ့ပါတယ်။