ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဘာသာစကား ၃ မျိုးအထိ ပြောနိုင်တဲ့ မင်းသမီးချော Moon Ga Young

ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဘာသာစကား ၃ မျိုးအထိ ပြောနိုင်တဲ့ မင်းသမီးချော Moon Ga Young

မင်းသမီးချောလေး Moon Ga Young ဟာ သူမရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင် စွမ်းရည်များနဲ့ ပရိသတ်တွေကို အထင်ကြီးစေခဲ့ရုံသာမက သူမရဲ့ မိသားစုနောက်ခံကလည်း အမိုက်စားဖြစ်လို့နေခဲ့တာပါ။

၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Moon Ga Young ဟာ ကိုရီးယား၊ ဂျာမန်၊ အင်္ဂလိပ် ဘာသာစကားတွေဖြင့် ပြောဆို ဆက်ဆံနိုင်သော်လည်း သူမရဲ့ ဘာသာစကား အရည်အချင်းကို ယုံကြည်မှုမရှိတာကြောင့် ကိုရီးယားလိုပဲ တတ်မြောက်ပါကြောင်း နှိမ့်ချစွာ ပြောဆိုခဲ့ဖူးတာပါ။

မင်းသမီးချောဟာ ကလေးသရုပ်ဆောင်အဖြစ် ၂၀၀၆ ခုနှစ်မှာ “To Sir, with Love” နဲ့ “Fallen Angel, Jenny” drama နှစ်ကားနဲ့ အသက် ၆ နှစ် အရွယ်မှာပဲ ပွဲဦးထွက်ခဲ့သူပါ။ သူမရဲ့ ပွဲဦးထွက် သရုပ်ဆောင်မှုက သူမရဲ့ ဦးလေးရဲ့ နောက်ပြောင်မှုတစ်ခုကနဲ့ စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ga Young ဟာ အဲ့ဒီနောက်မှာတော့ ပရောဂျက် တစ်ခုအတွက် မော်ဒယ်လုပ်ခဲ့ရင်း ပြီးမှသာ ပြီးပြည့်စုံတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်လမ်းကြောင်းကို လျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။

မင်းသမီးလေးဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ် အထိ ဂျာမနီမှာပဲ နေထိုင်ခဲ့တယ်လို့ စိတ်ဝင်စားဖွယ် သိရပြီး အကြောင်းရင်းကတော့ သူမရဲ့ မိဘတွေက ဂျာမနီကို ပညာသင်ဖို့ သွားရင်း ချစ်ကြိုက်ခဲ့ကြပြီး အဲ့ဒီမှာပဲ လက်ထပ်လိုက်တာကြောင့်ပါ။

သူမရဲ့ ဖခင် ကတော့ ရူပဗေဒပညာရှင်ဖြစ်ပြီး သူမရဲ့ မိခင် က ဂီတပညာရှင် ဖြစ်တာကြောင့် Ga Young ရဲ့ ခန္ဓာကိုယ်မှာ အလွန်ထူးခြားတဲ့ မျိုးဗီဇများကို ပိုင်ဆိုင်ထားပါတယ်။

မင်းသမီးတစ်ဦးအနေနဲ့ Moon Ga Young ဟာ အားကစားကို အလွန်စိတ်ဝင်စားပြီး ရေငုပ်ခြင်း၊ မြင်းစီးခြင်းနှင့် ဂေါက်ရိုက်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။ သူမဟာ ထက်မြက်သော သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦးဖြစ်လိုပြီး သူမရဲ့ idol တွေကတော့ Angelina Jolie နဲ့ Ha Ji Won ဂန္ဓဝင် မင်းသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

Moon Ga Young ဟာ သူမရဲ့ အနုပညာအလုပ်မှာ ရုပ်ဆိုးရမှာလည်း မကြောက်ခဲ့ဘဲ Cha Eun Woo နဲ့ Hwang In Yeop တို့နှင့် အတူ သရုပ်ဆောင်ခဲ့တဲ့ rom-com စီးရီး “True Beauty” အပြီးမှာတော့ ကျော်ကြားမှုများစွာ ရရှိခဲ့ပါတယ်။

ယခုအခါ Moon Ga Young ဟာ “Link: Eat, Love, Kill” ဇာတ်လမ်းတွဲမှာ မင်းသား Yeo Jin Goo နှင့် အတူ နောက်ထပ် သရုပ်ဆောင် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေပြီး ဇာတ်လမ်းတွဲ အမျိုးအစားကလည်း fantasy ဖြစ်တာကြောင့် သူမနဲ့ မရင်းနှီးတဲ့ အမျိုးသမီးတစ်ဦးရဲ့ ခံစားချက်များနဲ့ ပြုမှုနေထိုင်ပုံတွေကို ပုံဖော်သွားဖို့ ကြိုးစားထားခဲ့တယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *