ပရိသတ်တွေက အပြင်းအထန်ဝေဖန်ခံခဲ့ကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲများ

ပရိသတ်တွေက အပြင်းအထန်ဝေဖန်ခံခဲ့ကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲများ

ပရိသတ်တွေ သိထားပြီးကြတဲ့အတိုင်း အနုပညာရှင်တစ်ယောက်ရဲ့ အချစ်ရေးကို public ကို ချပြရတဲ့အခါတိုင်း ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုပဲ ရရှိခဲ့တာမဟုတ်ပါဘူး။ အထူးသဖြင့် အခု ဖော်ပြပေးသွားမယ့် ထိုင်းအနုပညာရှင်စုံတွဲတွေဟာ ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ထိုးနှက်မှုတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။

1. James Jirayu နဲ့ Foam

ချောမောနူးညံ့တဲ့ မျက်နှာလေးနဲ့ မိန်းကလေးပရိသတ်တွေ အခိုင်အမာ စုဆောင်းထားနိုင်ခဲ့တဲ့ Jj နဲ့ သူ့ချစ်သူ Foam တို့ဟာ ၄ နှစ်ကြာ တွဲလက်တွေ ခိုင်မြဲလာခဲ့ကြတာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ သူတို့ဟာ ပရိသတ်တွေရဲ့ အဝေဖန်ခံရဆုံး စုံတွဲဖြစ်ခဲ့ပါတယ်။

အနုပညာ အသိုင်းအဝိုင်းထဲက မဟုတ်တာကြောင့် Foam ဟာလည်း Jj နဲ့ မထိုက်တန်ဘူးဆိုကာ ယနေ့ချိန်ထိတိုင် ဝေဖန်ခံနေရဆဲဖြစ်သလို Foam ရဲ့ ပတ်ဝန်းကျင်ကလည်း Jj ကို အမြင်မကြည်မှုတွေ ရှိနေပေမဲ့ သူတို့ကတော့ ယနေ့ချိန်ထိ တွဲလက်တွေ ခိုင်မြဲနေဆဲပါ။

2. Mario Maurer နဲ့ Junji Junjira

အဆိုတော်ကောင်မလေး Junji နဲ့ တွဲနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသားချော Mario ဟာလည်းပဲ သူ့ချစ်သူရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် သဘောမတူညီပဲ ဝေဖန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ချစ်သူ Junji နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကိုတော့ Mario ဟာ “အရာအရာတိုင်းမှာ အလှတရားရှိတယ်၊ မဝေဖန်ကြစမ်းပါနဲ့” လို့ ပြန်လည်တုန့်ပြန်ခဲ့ဖူးပါတယ်။

3. Weir Sullakowat နဲ့ Vicki

မင်းသား Weir ကတော့ ယနေ့ချိန်မှာ ခေတ်စားနေတဲ့ မင်းသားတစ်ယောက်ပါပဲ။ အထူးသဖြင့် ကြော်ငြာဘုရင်မ မင်းသမီးချောလေး Bella Ranee ကို လမ်းခွဲခဲ့ပြီး ခဏလေးအတွင်းမှာ ချစ်သူသစ် ရရှိသွားခဲ့တာရယ်၊ အဆိုပါ ချစ်သူသစ်နဲ့လည်း နောက်လမှ မင်္ဂလာဆောင်သွားတော့မယ်ဆိုတဲ့ သတင်းတွေဟာ Bella ပရိသတ်တွေနဲ့ အချို့သော ပရိသတ်တွေကိုပါ အမျက်ဒေါသဖြစ်စေခဲ့ပြီး လတ်တလောမှာ ဝေဖန်ပြောဆိုခံနေခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *