‘The New Employee’ BL စီးရီးအသစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ Choi Si Hun

ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ထွက်ရှိလာတဲ့သတင်းတွေထဲက ပရိသတ်တွေရဲ့အာရုံစိုက်စိတ်ဝင်စားမှုကို မြင့်တက်သွားစေခဲ့တဲ့ သတင်းတစ်ခုကတော့ ‘The New Employee’ လို့အမည်ပေးထားတဲ့ BL စီးရီးအသစ်မှာ Choi Si Hun ကလည်း ပါဝင်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းပါပဲ။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ အဆိုပါဇာတ်လမ်းတွဲဟာ နာမည်ကြီးအင်တာနက်ကာတွန်းတစ်ခုကို အခြေတည်ရိုက်ကူးသွားမှာဖြစ်ပြီး “Watcha” ပလက်ဖောင်းကနေထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်လမ်းပုံစံကတော့ ကြော်ငြာကုမ္ပဏီတစ်ခုမှ အလုပ်ကို သည်းသည်းမည်းမည်းလုပ်တတ်သူ ဌာနခေါင်းဆောင် Jong Chan နဲ့ အလုပ်သင် Seung Hyun တို့အကြားမှာဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး Choi Si Hun ကတော့ Seung Hyun ရဲ့အချစ်ဦး Yoo Sung နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Choi Si Hun ဟာဆိုရင် Netflix ရဲ့ ရှိုးအစီအစဉ်တစ်ခုဖြစ်တဲ့ ‘Single’s Inferno’ မှာပါဝင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုရရှိခဲ့သူဖြစ်တာကြောင့် သူ့အနေနဲ့ အခုလိုမျိုး BL စီးရီးမှာပါဝင်မယ်ဆိုတဲ့သတင်းကလည်း စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.